အပိုင်း ၆

1.8K 200 6
                                    

Supermarket ထဲခြေချရင်း snack တန်းကို ခြေလှမ်းတွေကဦးတည်လိုက်တယ်ဆိုပေမဲ့ ထွဋ်မြတ်ရဲ့မျက်ဝန်းတွေက တစ်စုံတစ်ယောက်ကိုရှာဖွေနေမိသည်။

ကျောပေးကာရယ် စာရေးကိရိယာတွေကို လက်တွန်းလှည်းထဲထည့်ပေးနေသည့် တစ်စုံတစ်ယောက်ကိုမြင်မှ သူ့မျက်ဝန်းတွေ အနားရတော့သည်။

ရှပ်အင်္ကျီပြာလေးနှင့်ကောင်လေးက ခပ်ပြုံးပြုံးလေးခေါင်းညိတ်လိုက်သည့်နောက် လက်တွန်းလှည်းကို တစ်ခြားတစ်ယောက်ကတွန်းကာ အနားမှထွက်သွားလေပြီး ထိုကောင်လေးကတော့ ပန်းချီပစ္စည်းတွေကို ငေးနေသေး၏။

ရပ်ကြည့်နေမိတုန်း အနားကဖြတ်သွားသည့်လူတစ်ယောက်က ကောင်လေးရဲ့ပခုံးအား ဝင်တိုက်သွားသည်ကို လှမ်းမြင်လိုက်ရသည်။

“လူလာနေတာမမြင်ဘူးလား!!”

ဝင်လည်းတိုက်သေး အော်လည်းအော်သေးသည့် ထိုလူကြောင့် သူ့မျက်ဝန်းတွေထဲ အလိုမကျမှုတို့ ကိန်းဝပ်လာ၏။

“တောင်းပန်ပါတယ်ဗျ”

အမှားမပါပဲတောင်းပန်လိုက်သည့်ကောင်လေးကြောင့် သူ ပိုလို့ပင် ဘဝင်မကျတော့။ ခြေလှမ်းတွေကို ထိုကောင်လေးရဲ့အနားဦးတည်ပစ်လိုက်ပြီး

“တွေ့ကြပြန်ပြီ ရှင်းစန့်ငယ်”

သူ့အသံကြောင့် ကောင်လေးကော ဝင်တိုက်သည့်လူကော သူ့အားလှည့်ကြည့်လာသည်။ မျက်ဝန်းနက်ကလေးတွေက သူ့ကိုမြင်တော့ အံ့ဩသယောင်ရှိ၏။

“ဒါနဲ့ တောင်းပန်သင့်တာက ခင်ဗျားလေ”

စိမ်းစူးစူးစိုက်ကြည့်ရင်း သူတစ်ချက်ပြောပေးလိုက်တော့ ထိုလူက “ဘာလဲဟ”ဆိုကာ ခပ်သုတ်သုတ်ထွက်ပြေးသွားသည်။

“ဘာလို့တောင်းပန်လိုက်တာလဲ”

“ကျွန်တော်က ဒီအတိုင်း...”

“အဲ့လိုတောင်းပန်နေလို့ ဟိုလူက သူ့အမှားသူမသိပဲ ရောင့်တက်ရဲနေတာပေါ့!!”

အားမလိုအားမရဖြစ်မိတာကြောင့် သူ့အသံဟာ မာဆတ်သွားခဲ့သည်။ ဘာမှပြန်မပြောရဲသည့်ကောင်လေးကတော့ မျက်လွှာလေးကိုချလျက် သူ့အားကြောက်လန့်နေဟန်ရတာကြောင့် သူသာစိတ်လျော့လိုက်ရသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now