အပိုင်း ၃၁

2.1K 165 35
                                    

“မကြောက်နဲ့နော်၊ ဘာမှမဖြစ်ဘူး သိလား”

သူ့ကို အားပေးနေတာဖြစ်ပေမဲ့ ကြည့်ရတာ ထွဋ်မြတ်က သူ့ထက်ပိုပြီး စိတ်လှုပ်ရှားနေမှန်း သိသာနေတာကြောင့် စန့်ငယ် ရယ်ချင်ချင်။

“ကျွန်တော်က အဆင်ပြေတယ်၊ ဦးထွဋ်မြတ်ပဲ အဆင်ပြေအောင်နေ”

“ဟား.... ကိုယ်တကယ် စိတ်လှုပ်ရှားလွန်းလို့ သေတော့မလိုပဲ”

အပျော်လှိုင်းတို့က တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့် ထွဋ်မြတ်ရဲ့လက်တွေမှတဆင့် စန့်ငယ် ခံစားသိ‌ရှိနေရသည်။

ဒီနေ့က ultrasound ရိုက်သည့်‌နေ့။ ကလေးလေးရဲ့ နှလုံးခုန်သံကိုလည်း ကြားရတော့မှာမို့ စိတ်လှုပ်ရှားနေကြခြင်းဖြစ်သည်။

လုပ်ထုံးလုပ်နည်းတွေဆောင်ရွက်ပြီးတဲ့အခါ နားထဲတိုးဝင်လာသည့် တဒုတ်ဒုတ်မြည်သံ။ ကြားလိုက်ရတိုင်း ကိုယ်ပါ လိုက်တုန်သွားသလိုမျိုး။

မျက်ရည်ဝိုင်းတဲ့အထိ စွမ်းဆောင်နိုင်တဲ့ နှလုံးခုန်သံလေး။

“ဦးထွဋ်မြတ်~”

“ကိုယ်ရှိတယ်”

အလိုက်တသိ မျက်ရည်စတွေကိုသုတ်ထုတ်ပေးတဲ့အခါ သူခေါင်းညိတ်ရင်း monitor ပေါ်လှုပ်ရှားနေသည့် ကလေးလေးရဲ့ပုံရိပ်ကို လှမ်းကြည့်မိသည်။

သူ့ကလေးလေး ကျန်းမာနေလိုက်တာ။

________________________________

“ရပါတယ်၊ ကျွန်တော်ဆွဲပေးမယ်လေ”

“....”

“ဟုတ်ပြီဗျ၊ အဲ့တာဆို မကြာခင်တွေ့ပါ့မယ်”

ဖုန်းချပြီးတဲ့အခါ စန့်ငယ် ဧည့်ခန်းထဲက ထွဋ်မြတ်အနားတွင် ဝင်ထိုင်လိုက်သည်။

အလုပ်က ကိုယ်ဝန်ကြောင့် ထွက်လိုက်ရပေမဲ့ ဆိုင်ရှင်ကို ပန်းချီကားလက်ဆောင်ပေး‌နိုင်ခဲ့လို့ သဘောတကျရှိသည့်ဆိုင်ရှင်က အတူလက်တွဲလုပ်ဖို့ကို ကမ်းလှမ်းခဲ့သည်။

ဆိုင်ရှင်ရဲ့အသိမိတ်ဆွေတွေကြားထဲ မထင်ထားလောက်အောင် သူ့ပန်းချီကားတွေက အရောင်းသွက်တာကြောင့် စန့်ငယ် စိတ်ချမ်းသာရသည်ပင်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now