အပိုင်း ၅

1.9K 195 15
                                    

Villa ပြန်မှာဖြစ်၍ ထွဋ်မြတ်အစောနိုးသည်။ လေ့ကျင့်ခန်းလုပ်ပြီး ရေမိုးချိုးအဝတ်စားလဲကာ အောက်ထပ်ကိုဆင်းလာခဲ့တော့ သူ့လိုပဲ အစောနိုးနေကြသည့် စန့်ငယ်တို့မောင်နှမသုံးယောက်ကိုတွေ့၏။

“အားလုံးအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး”

‌ဝန်ထမ်းအမျိုးသားတစ်ဦးကို စန့်ငယ် မှာကြားနေခြင်းဖြစ်တာကြောင့် ထွဋ်မြတ် အနားကိုတိုးကပ်သွားလိုက်သည်။

“ဘာလို့ကိုယ်တိုင်မပြောတာလဲ”

ထွဋ်မြတ်အ‌ပြောကြောင့် ဝန်ထမ်းအမျိုးသားကတော့ သူ့ကိုဂါရဝပြုကာ ခပ်မြန်မြန်အနားမှထွက်သွားသည်။
မျက်ဝန်းနက်ပိုင်ရှင်မောင်နှမသုံးယောက်ဟာတော့  သူ့အား မော့ကြည့်လာကြသည်မှာ ယုန်ငယ်လေးသုံးကောင်သဖွယ်။ ထိုအထဲမှ အကြီးဆုံးယုန်လေးကတော့ သိပ်ကိုကြောက်တက်သည့် မျက်ဝန်းတွေနှင့်ပေါ့။ 

“ကျွန်‌တော်တို့ကိုကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ကောင်လေးက ခါးကိုင်းညွှတ်ကာပြောလေပြီး အမြွှာနှစ်ဦးကလည်း သူတို့အကိုကဲ့သို့ ခါးကိုင်းညွှတ်ကြ၏။ ခြေထောက်ကတော့ ကောင်းမွန်စွာထောက်နေပြီမို့ သက်သာသွားပြီလို့ပဲ ထွဋ်မြတ်ယူဆလိုက်သည်။

“မနက်စာစားသွား”

“ရပါတယ်ခင်ဗျ ကျွန်တော်တို့ ဒီအတိုင်းပဲ ပြန်လိုက်ပါ့မယ်”

ငြင်းတက်သည်က ဒီကောင်လေးရဲ့အကျင့်ပေလားတော့မသိ မျက်နှာကပင် အားနာနေသည့်ဟန်ရတာကြောင့် ထွဋ်မြတ်လည်း သဘောပဲဟူသည့်သဘောမျိုးဖြင့် ခေါင်းညိတ်လိုက်သည်။ 

“အင်း ငါ့နောက်လိုက်ခဲ့”

ဦးဆောင်ကာထွက်ခဲ့သည့်နောက် မောင်နှမသုံးယောက်စလုံး ခပ်ဖြည်းဖြည်းလိုက်လာကြသည်။

“ကား‌ပေါ်တက်”

ဒါရိုက်ဘာက ကားနောက်ခန်းတံခါးကိုဖွင့်ပေးလိုက်သည့်နောက် အငယ်လေးတို့ကိုအရင်တက်စေပြီး ကောင်လေးက သူ့အား ခေါင်းလေးငုံ့ကာ နှုတ်ဆက်သွားသေးသည်။ သူပါအတူလိုက်မယ်ဆိုတာတော့ မသိသေးတာကြောင့် ဘာမှပြောမနေပဲ ကားထဲဝင်ရန်ပြင်တော့ ထိုကောင်လေးက ပြာပြာသလဲဖြင့် တဖက်ခုံကိုရွေ့သွားသည်။

လာဗင်ဒါပွင့်သောမင်းရှိရာ (Complete)Where stories live. Discover now