Chapter2(Unicode+Zawgyi)

353 12 4
                                    

'ဒီနေ့နဲ့ဆိုခင်ဗျားရောက်တာတစ်ပတ်ပြည့်တော့မယ်နော်.....'

တောင်စောင်းကုန်းမြင့်လေးပေါ်နှစ်ယောက်သားတူတူထိုင်ရင်းအဝေးမှဖြိုးဝေမောင်အားမေးလိုက်ခြင်းပင်.....

'ဟက်....ရက်သေချာတွက်ထားတာဘဲလားဝေး...?'

'အဲ..အဲ့လိုရယ်တော့မဟုတ်ပါဘူး...ကျုပ်ကဒီတိုင်းမှန်းပြောမိတာ.....'

'အင်းပါ...ဘယ်သူကမှလည်းဝေးကိုညာပြောလို့တရားမစွဲပါဘူး....တခါတလေလေးတော့ကျွန်တော်စိတ်ချမ်းသာအောင်ညာပါလားဗျာ...'

'ဟမ်....'

'အဟားဟား...နားမလည်ပြန်ဘူးလားဝေး...?'

ရယ်စစနဲ့မေးတော့ထိုတောသားပေါက်ဟာခေါင်းလေးကိုတဗျင်းဗျင်းကုတ်ရင်း

'ခင်ဗျားတို့မြို့သားတွေကိုကျုပ်ဖြင့်တကယ်နားမလည်နိုင်တော့ဘူးပြော....စကားပြောလိုက်ရင်းအဆန်းချည်း....ပြီးတော့လူလူချင်းနားလည်အောင်လည်းမပြောဘူး...ဟင်း....'

'အဟက်....ဟားဟားဟား....ဝေးကတော့လုပ်ပြီ....တူတူသွားလာနေတာဘဲတပတ်ပြည့်တော့မှာကိုကျွန်တော့်စကားကိုဝေးကနားမလည်သေးတာလာဗျာ.....ခက်တော့ခက်ပြီ....'

'ဟေး..အဲ့လိုပြောရမှာကျုပ်ပါနော်.....'

'ဟုတ်ပါပြီကွာ....'

'ဒါနဲ့..ခင်ဗျားဘယ်တော့ဇာတိပြန်ဖို့စဉ်းစားထားတုန်း...?'

'ဟမ်...ဇာတိ....?အိမ်ကိုပြောတာလား...?'

'အေးဗျ...ရန်ကုန်လေ..အဲ့မို့ကြီးကိုဘယ်တော့ပြန်မတုန်း...?'

'ဘာလဲ..အဝေးကကျွန်တော့်ကိုနှင်ရက်တယ်ပေါ့...'

'အိုး..ကျုပ်နှင်တောင်ခင်ဗျားပြန်ချင်မှဖြစ်တဲ့ဟာ...'

'အဟက်....အင်းပါ..အင်းပါ....ခုလောလောဆယ်တော့မပြန်ဖြစ်သေးဘူးဗျ...အကြွေးယူစရာလေးတွေရှိနေလို့....'

'ဟမ်.....အကြွေးဆိုတော့...ခင်ဗျားကငွေတိုးချေးစားတဲ့လူလား...?ရုပ်နာမ်နဲ့မလိုက်လိုက်တာဗျာ...'

'အမလေး...ငွေတိုးမချေးစားပါဘူးဗျာ....ကျွန်တော်ပြောတာကခင်ဗျားစီကနေအကြွေးယူရမှာကိုပြောတာလေ.....ဝေးခြေထောက်ကအရှင်းမပျောက်သေးတော့ဝေးကကျွန်တော့်ကိုလမ်းပြမလုပ်ပေးနိုင်ဘူးဟုတ်...ဒါကြောင့်ဝေးသက်သာလာမဲ့အချိန်တစ်ခုထိစောင့်နေတာပါ.....'

Love  or hateWhere stories live. Discover now