'ဟင်း...အင်း....'
'ဝေး....ဝေး..ကလေးလေးသတိရလာပြီလား..?'
'မောင်...'
'အင်း...မောင်ရှိတယ်...မောင်ဝေးနားမှာရှိတယ်နော်....'
'မောင်....'
'ဗျာ...'
'ဝေးဘာဖြစ်သွားတာလဲဟင်..?ပြီးတော့..ဒီနေရာကြီးကရော...'
'ကလေးလေးကအဖျားကြီးပြီးသတိလစ်သွားတာလေဝေးရဲ့...ဝေးမမှတ်မိဘူးလား...ဝေးကိုမောင်ခေါ်မရလို့ဆေရုံကိုပြေးလာလိုက်တာ...တော်သေးတာပေါ့..နောက်ဆုံးဝေးသတိရလာပြီ....'
'အော်.......တောင်းပန်ပါတယ်မောင်...ဝေးကြောင့်အလုပ်ရှုပ်စေမိပြီ...'
'မဟုတ်တာဝေးရယ်..'
'မောင်....'
'ဟင်......'
'ဒါကဘယ်သွားမို့လဲဟင်....?ကျုပ်ကိုထားသွားဦးမို့လား..?ဟင့်....'
'ဝေး...သဲငယ်...မငိုပါနဲ့ဝေးရယ်..မောင်ကဝေးသတိရလာလို့ဆရာဝန်ကြီးကိုသွားခေါ်မို့လေ...မကြာပါဘူး..ခဏရယ်ပါ..နော်...'
ကျွန်တော်ထွက်သွားဖို့လုပ်တော့ဝေးကကျွန်တော့်လက်ကိုအားကိုတကြီးစုပ်ကိုင်ထားပြန်တာကြောင့်နောက်ဆုံးကလေးအနားမှာသာနေဖို့ဆုံးဖြတ်ချက်ချလိုက်ရတော့သည်...
ကုတင်ဘေးကခုံပေါ်ထိုင်ဖို့လုပ်တော့သူ့လှဲနေရာကုတင်ဘေးလာထိုင်ဖို့ပြောတာကြောင့်သူစိတ်ချမ်းသာအောင်သူ့ကိုရင်ခွင်ထဲထည့်ပြီးကုတင်ပေါ်မှာထိုင်မိတော့သည်..
'မောင့်....ဟင့်....'
'...ဗျာ..'
'ကျုပ်လေ...အိမ်မက်မက်နေတာ..အိမ်မက်ကြီးကတအားဆိုးတာဘဲမောင်ရယ်...ဝေးကြောက်လိုက်တာ...'
'ပြောမပြချင်ဘူးမောင်...ဟင့်...ဒါပေမဲ့လေ..အဲ့အိမ်မက်ကြီးသာတကယ်ဖြစ်လာရင်ဝေဂတော့သေမှာမောင်ရဲ့...ဝေးမောင်နဲ့မဝေးချင်ဘူး.....ဟင့်..အင့်...'
'အင်း....တိတ်တော့နော်..ခုမောင်ဝေးအနားမှာရှိနေပြီဘဲ....မကြောက်နဲ့တော့နော်....'
'မောင်.....ဝေးကိုဘာတွေဘဲဖြစ်လာလာမထားခဲ့ပါနဲ့နော်မောင်....နောက်ဆိုလေ...မောင်ဘယ်သွားသွားဝေးလိုက်မဘ်..ဝေးကိုခေါ်နော်...'
YOU ARE READING
Love or hate
Romanceသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...