Chapter32(Unicode, Zawgyi)

130 6 10
                                    

နှစ်...လ...ရက်တွေသာအလီလီပြောင်းသွားခဲ့ပေမဲ့ကျွန်တော်မောင်နဲ့သားအပေါ်ထားတဲ့ချစ်စိတ်ကတော့တစက်ကလေးမှလျော့မသွားခဲ့ပါဘူးမောင်....

18နှစ်ဆိုတဲ့အချိန်ကာလတစ်ခုထိမောင်များတနေ့ဝေးစီပြန်လာမလားလို့မျှော်လင့်တကြီးစောင့်ခဲ့မိပါတယ်....ဒါပေမဲ့.....

လောကကြီးကရက်စက်လိုက်တာမောင်ရယ်....မောင်နဲ့သားကဝေးစီပြန်မလာနိုင်တော့ဘူးဆိုတာကိုရဝေပြောပြလို့လက်မခံနိုင်ပေမဲ့လက်ခံလိုက်ရတယ်....

မောင်....ငါလေ....မောင်နဲ့သားအကြောင်းကြားပြီးနောက်ကိုယ့်ဘာသာကိုယ်အကြိမ်ကြိမ်သတ်သေဖို့ကြိုးစားခဲ့တယ်....မောင်တို့မရှိဘဲနဲ့ကျုပ်မှအသက်မရှင်နိုင်ဘဲမောင်ရယ်....

ကြီးကြီးမြင့်နဲ့ကိုရဝေသာအချိန်မှီမတားခဲ့ရင်ငါအခုချိန်မှာမောင်နဲ့သားကိုတွေ့နေရလောက်ပြီမဟုတ်လား......

အတွေးလွန်နေရင်းချည်ယက်နေမိတာအပ်ကအသားထဲစိုက်ဝင်မှသတိပြန်ဝင်တဲ့ကျွန်တော်...

'အ့.....'

'ဝေး....ဝေးဘာဖြစ်သွားသေးလဲ...?ဟမ်....ကိုယ့်ကိုပြောပါဦး....'

သွေးအနည်းငယ်ထွက်ရုံလေးရှပေမဲ့ဘေးကနေပြူးပြူးပြာပြာနဲ့အသဲအသန်ဖြစ်နေတဲ့သူကြောင့်လူကကြောင်တောင်တောက်ပင်ဖြစ်သွားရသည်.....

'ဝေး....နာသွား​လေားလို့...???အရမ်းနာသွားတယ့ထင်တယ်...ကျစ်....ကိုယ့်ဝေးကအသံတောင်မထွက်တော့ဘူး....'

'အမ်...မ...မဟုတ်...မနာပါဘူး...'

'တော်ပြီကွာ...နောက်ဆိုဝေးလိုချင်ရင်ကိုယ်အဲ့ချည်ထိုးပန်းထိုးတွေကိုယ်တိုင်လိုက်ဝယ်ပေးမယ်...ဝေးကိုယ်တိုင်မထိုးနဲ့တော့ကွာ....တော်ကြာခုလိုထပ်ဖြစ်ရင်ကိုယ်....'

'ကိုရဝေ....'

'ဗျာ....'

'ဝေးကိုမောင်ခေါ်သလိုမခေါ်နဲ့လို့ပြောထားတယ်မို့လား...ဘယ်လောက်ဘဲကျွန်တော်တို့ချင်းရင်နှီးနေပါစေဝေးကိုမောင်ခေါ်သလိုတော့မခေါ်ပါနဲ့...ဝေးမကြိုက်ဘူးအကို....'

'အာ....အင်း....ကိုယ်..ကိုယ်နောက်ဆင်ခြင်ပါ့မယ်...'

ကျွန်တော့်ပြောစကားကြောင့်အကိုမျက်နှာပျက်သွားတာသိပေမဲ့လဲမတတ်နိုင်...မောင်မရှိတော့ရင်တောင်မောင်ဝေးကိုအမြတ်တနိုးခေါ်နေကြနာမ်စားလေးကိုတော့မောင့်မူပိုင်နာမ်စားလေးအဖြစ်တသက်လုံးသိမ်းထားချင်မိတာကဝေးဆန္ဒမို့....

Love  or hateWhere stories live. Discover now