Chapter9(Unicode+Zawgyi)Spoiler

201 7 0
                                    

လောကကြီးသည်နားလည်ရခက်သည်....

မောင့်ကိုဆိုအမြဲတမ်းအရှုံးပေးတတ်တဲ့အဝေးကိုကြဘာလို့မောင်ကအမြဲအနိုင်လိုချင်နေရတာလဲ....

မောင်ဆိုသည်မှာကျွန်တော်ကြားဖူးသောနွံလေးနှင့်တူသည်.........မောင့်မာယာကျော့ကွင့်မှန်းသိလို့စိတ်ကိုတင်းပြီးနောက်ကိုဆုတ်ပြန်ပါသော်လည်းနွံတွေလိုရုန်းလေနစ်လေဖြစ်နေတာကြောင့်ကျွန်တော်ခုချိန်ထိမောင့်မာယာကျော့ကွင်းထဲမလွတ်မြောက်နိုင်သေးပေ....

တကယ်ပါ...မောင်နဲ့တွေ့မှအချစ်ဆိုတဲ့ဝေါဟာရကိုအဓိပ္ပာယ်မျိုးစုံဖွင့်ဆိုတတ်လာခဲ့တယ်....

မောင့်ရဲ့အဝေးအပေါ်ထားတဲ့အချစ်တွေဟာတစ်ခါတလေဆိုပန်းကလေးတွေလိုနူးညံ့ပျော့ပျောင်းသွားတတ်ပြီးတခါတလေကြတော့လဲကျောက်ခဲတွေလိုအသဲမာသွားပြန်ရော....

မောင့်အချစ်တွေကြောင့်တစ်ခါတလေကြနွေးထွေးရသလိုတခါတလေကြအေးစက်စက်မောင့်အမူအရာတွေကြောင့်အဝေးရင်ထဲပူလောင်ရပြန်ပါသည်...

မောင့်အချစ်တွေကနီးလဲနီးသလိုတခါတလေကြတော့လဲအဝေးအလှမ်းမမှီနိုင်လွန်းလောက်အောင်ဝေးကွာတတ်သည်များလဲရှိ၏....

သကြားခဲလေးတွေလိုချိုမြိန်လှတဲ့မောင့်စကားတွေကတခါတလေကြရင်လဲအလွန်ခါးသက်လွန်းလှတဲ့စကားကြမ်းတွေဖြစ်သွားခဲ့သည်များလဲရှိ၏...

ဒီရေလိုအတက်အကျမြန်တဲ့မောင့်စိတ်တွေကိုမခန့်မှန်းနိုင်တဲ့အဝေးလဲမောင့်အနားမှာသာမောင့်အချစ်ကိုယုံကြည်ကိုးစားရင်းအရာရာကိုနှုတ်ပိတ်အံကြိတ်သီးခံရင်းနေခဲ့ပါသည်....

မောင့်ကျုပ်အပေါ်မေတ္တာနည်းနည်းလေးစွန့်ကြဲပေးတဲ့အခါကျုပ်အတိုင်းမသိဝမ်းသာမိတာမောင်ကတော့ဘယ်သိမလဲ....

နောက်ပြီး....မောင်သူမနဲ့ကလူမြူတဲ့အချိန်တိုင်းကျုပ်ရင်တွေကွဲတာလဲမောင်မသိခဲ့ဘူးမလား....

ဟင်း...တကယ်ဆိုကျုပ်မစဉ်းစားတတ်တော့ဘူးမောင်...ဟန်ဆောင်ကောင်းလွန်းတဲ့ကျုပ်ကြောင့်လားအရာရာဆိုသူမကိုဘဲဉီးစားပေးမြင်တတ်တဲ့မောင့်အမှားကြောင့်လားဆိုတာ....

Love  or hateWhere stories live. Discover now