Chapter3(Unicode+Zawgyi)

284 6 4
                                    

ရက်..လ...နှစ်တွေသာအလီလီပြောင်းသွားပေမဲ့မျှော်နေတဲ့သူကတော့ယနေ့ထိတိုင်အောင်ပေါ်မလာသေး.....

နှစ်နှစ်.....နှစ်နှစ်တောင်ကြာသွားပေမဲ့သူ့ကိုတစက်မှကျုပ်မမေ့နိုင်ခဲ့ဘူး.....
ဒါတောင်သူနဲ့တွေ့ဆုံပြီးခင်မင်ရင်းနှီးခဲ့တာနှစ်ပတ်ခန့်သာ...

သို့ပေမဲ့ကျုပ်ရင်ထဲမှာတော့တွေးမိတိုင်းသူ့အသံ..သူ့ပုံရိပ်တို့ကတော့ပျောက်ကွယ်မသွားပေ

ဘယ်လောက်တောင်ကျုပ်ရူးခဲ့သလဆို...ခရီးသွားရာသီဖြစ်တဲ့အချိန်တွေဆိုသူနဲ့ကျုပ်အမြဲတမ်းတွေ့နေကြပုဂံလမ်းကညောင်ပင်အိုကြီးအောက်တနေ့လုံးထိုင်စောင့်ခဲ့မိသည်....

တခါတရံသူအမြဲလိုလိုသွားတတ်တဲ့ပုဂံဘုရားတွေဘက်သွားပြီးခရီးသွားဧည့်သည်တွေကြားသူ့များတွေ့မလားဆိုပြီးအရူးလိုလိုက်ရှာမိသည်အထိ....

'ဟေး....အဝေး...'

အဝေးလို့ကျွန်တော်ခေါ်လိုက်တော့ချစ်ရတဲ့ပေါက်ဖော်ငယ်ချင်းစီကရလိုက်တာကသိပ်လှတဲ့မျက်စောင်းတစ်ခု...

'ဟ...အေး...တောင်းပန်ပါတယ်ကွာ....မင်းအဲ့လိုမခေါ်ဖို့ပြောထားတာကိုငါကမှားမှားပြီးခေါ်မိတုန်း.....'

'မင်းကိုကဦးနှောက်မကောင်းတာ...တစ်ခါပြောလည်းမမှတ်...ထပ်ခါထပ်ခါပြောလဲပြောတဲ့သူသာအမောစို့သေမယ်...မင်းကတော့တသက်လုံးသတိရနေမှာမဟုတ်ဘူး...ဟင်း...'

'အေးပါကွာ..မင်းကလည်းဖြစ်နေလိုက်တာ..နာမည်လေးမှားခေါ်မိတာကိုငါ့ကိုပြောလို့ကိုမဆုံးတော့ဘူး....'

'အနားမှာပူညံပူညံလာမလုပ်နဲ့ကွာ....နားငြီးတယ်...ကျုပ်အေးဆေးလေးနေချင်လို့...'

'အေးပါ..ငါကလည်းလာချင်လို့လာတာမဟုတ်ပါဘူး...ဒီတိုင်းငါဒီဘက်လမ်းကဖြတ်သွားတော့မင်းကိုတွေ့လိုက်တာနဲ့လာကြည့်တာ....ဒါနဲ့...မင်းကဇွဲမလျှော့ဘူးနော်...ဒီလိုဘဲမပေါ်လာတဲ့သူကိုစောင့်နေဦးမလို့လား??'

'အဲ့လိုမဟုတ်ဘူး...ခင်ဗျားထင်သလိုလာမပြောနဲ့...သူကကျုပ်ပအပေါ်အဲ့လိုမလုပ်ဘူး....မြို့ကြီးကိုထွက်မသွားခင်ညကသူကျုပ်ကိုမှာခဲ့တယ်...သူသေချာပေါက်ပြန်လာမှာတဲ့....'

Love  or hateWhere stories live. Discover now