Chapter16(Unicode+Zawgyi)

224 6 0
                                    

ဒီနေ့တော့ကျွန်တော့်စိတ်တွေအတိုင်းမသိပျော်ရှင်နေမိသည်.....

ဘာလို့ဆိုကျွန်တော်သူနဲ့တွေ့ရတော့မှာမို့...

သူ့ကိုပြန်ရှာတွေ့တဲ့ဒီ၁၀နှစ်အတောအတွင်းကျွန်တော့်သူ့ကိုဓာတ်ပုံထဲကနေသာမြင်ဖူးခဲ့ရတာ....

ခုတော့သူနဲ့လူချင်းတွေ့ရတော့မည်.....

'သခင်လေး...'

နောက်ကြည့်မှန်ကနေကြည့်မိတော့လက်ထဲကဓာတ်ပုံလေးကိုကိုင်ကာဝမ်းနည်းမျက်လုံးတွေနဲ့ကြည့်နေတဲ့ဆရာဖြစ်သူကိုခေါ်မိတော့သူကအေးစက်စက်ကျွန်တော့်ကိုပြန်ကြည့်တော့သည်...

'ပြော....'

'တကယ်ဘဲသွားတွေ့တော့မလို့လား...သခင်လေး..?'

'မင်းကငါ့ကိုမေးခွန်းပြန်ထုတ်နေတာလား....?'

'ကျွန်တော်က..သခင်လေးအတွက်...'

'အချိန်ဆွဲနေတော့ရောဘာထူးမှာလဲကွာ....အတိတ်ကငါ့အမှားအတွက်အပြစ်ကြွေးကျေအောင်တော့ငါဆပ်ချင်တယ်...'

'အကယ်၍..ကောင်လေးကခွင့်မလွှတ်ရင်ရော....'

'ဟက်............ဒါဆိုလဲ...အဲ့တာငါ့ကံလို့ဘဲမှတ်ယုံပေါ့ကွာ....မဟုတ်ဘူးလား..ဟားဟားဟား....'

ကျွန်တော်...ဘယ်လိုဆက်ပြောရမလဲမသိတော့ပါဘူးသခင်လေးရာ...

ခုချိန်မှာကျွန်တော်သိတာကသခင်လေးနဲ့ကောင်လေးတို့ရဲ့တွေ့ဆုံမှုက...အင်း.....မှားယွင်းသောတွေ့ဆုံမှုဖြစ်နေမှာကိုဘဲစိတ်ပူမိတယ်ဗျာ........

ဒီလိုနဲ့သူတို့ရဲ့ကားလေးရဲ့ဦးတည်ရာဟာတစ်ခုသောတစ်နေရာစီသို့....

'ချစ်ရိပ်မြုံ'ဆိုတဲ့ဂေဟာsignboardလေးကိုတွေ့တော့ရင်ထဲမှာထိတ်ခနဲဘဲ...

တဆတ်ဆတ်တုန်လှုပ်နေတဲ့နှလုံးသားဟာသတိပေးတာဘဲ....မင်းရဲ့ပိုင်ရှင်ဟာမင်းအနီးအနားမှာတဲ့..

မောင့်ရင်ဘတ်ထဲမှာခုန်နေတဲ့မင်းအတွက်နှလုံးသားလေးဟာသူ့ပိုင်ရှင်ကိုတော့အခုချိန်ထိမှတ်မိသေးတုန်းဝေး.....

'ကျွီ.....ဝုန်း..!!'

အတွေးနယ်ကျွံနေတုန်းရှေ့ကတပည့်ကျော်ရဲ့ကားဘရိတ်အုပ်သံကြောင့်အတွေးတို့ဟာကြက်ပျောက်ငှက်ပျောက်ပင်...

Love  or hateHikayelerin yaşadığı yer. Şimdi keşfedin