Chapter21(Unicode+Zawgyi)

134 5 4
                                    

'သခင်လေး.....'

'ရဝေ..သူနိုးပြီလား...?'

'ဟုတ်ကဲ့.....'

'ဆရာဝန်ဘာပြောသေးလဲ..?'

'အကိုလေးကအားနည်းနေလို့ရုတ်တရက်မေ့လဲသွားတာတဲ့..သွေးအားလဲနည်းနေလို့အားဆေးလဲသွင်းပြီးdripပါချိတ်ပေးသွားတယ်...ကိုယ်ဝန်ကြောင့်သောက်ဆေးတော့ပေးမသွားဘူး...ဒီတိုင်းပုံမှန်လေးအစားဝင်အောင်ကျွေးပြီးဂရုစိုက်ပေးပါတဲ့....'

'အင်း........မင်းဒီနားကအရက်ပုလင်းတွေရှင်းထားလိုက်....ငါသူ့ကိုသွားတွေ့ဦးမယ်....'

'ဟို...'

'ဘာလဲ...?မင်းမှာပြောစရာရှိသေးလို့လား...?'

'ဟို...အကိုလေးကသခင်လေးကိုမတွေ့ချင်ဘူးတဲ့....'

'ဟက်...သူမတွေ့ချင်လဲငါသူ့ကိုတွေ့ချင်တယ်ရဝေ....မင်းပြောချင်တာဒါဘဲလား...?'

'ဟုတ်...'

'လုပ်စရာရှိတာသာလုပ်....'

ရဝေကိုမှာစရာရှိတာမှာရင်းကျွန်တော်အဝေးရှိရာအခန်းစီဦးတည်လျှောက်မိသည်...

တံခါးဝရှေ့မှာရပ်နေမိတာဘယ်လောက်ကြာသွားသည်မသိ...

အထဲဝင်ဖို့ကိုကျွန်တော်တွန့်ဆုတ်နေမိသည်....

အမှားလုပ်ခဲ့တာကိုယ်ပေမဲ့ဒီအချိန်မှာသူ့အမှားအတွက်အဝေးပေါ်ခွင့်လွှတ်မှုတောင်းခံချင်ရင်လဲအဝေးကလက်ခံမှာတဲ့လား...?

ခေါင်းမာလွန်းတဲ့အဝေးလေးအကြောင်းသူသိပ်သိတာပေါ့....

မတတ်နိုင်....ဒီကလေးရဲ့မျက်နှာကိုကျွန်တော်တွေ့ချင်မိတယ်..သူနဲ့စကားတွေပြောချင်မိတယ်...ခွင့်လွှတ်မှုလဲတောင်းခံချင်သေးတယ်လေ..

နောက်ဆုံးစိတ်ကိုလျှော့ချပြီးကျွန်တော်အခန်းထဲကိုဝင်သွားမိသည်...

ကျွန်တော်အခန်းထဲဝင်သွားတော့ကုတင်ခေါင်းရင်းကိုမှီပြီးထိုင်နေတဲ့အဝေးကဝင်လာတာကျွန်တော်မှန်းလဲသိရောမျက်နှာကိုတဖက်ပြတင်းပေါက်စီကိုလွှဲပြစ်လိုက်သည်........

'အဝေး....နေလို့သက်သာရဲ့လား...?'

'ကျုပ်ခင်ဗျားကိုမမြင်ချင်ဘူး...ခင်ဗျားအသံလဲမကြားချင်တာမို့အခန်းထဲကခုထွက်သွားပေးပါ...'

Love  or hateWhere stories live. Discover now