Chapter15(Unicode+Zawgyi)

239 7 4
                                    

'ဗွမ်း...'

'အင့်..အဟွတ်...အဟွတ်...'

မျက်နှာပေါ်လာရိုက်တဲ့ရေတွေကြောင့်အဝေးတခဏတာအသက်ရှူကြပ်သွားသည်အထိဖြစ်ခဲ့ရသည်....

'ဟက်...နောက်ဆုံးတော့သတိရလာပြီပေါ့တာရာဝေး....'

အသံကြားရာကိုမျက်လုံးဖွင့်ကြည့်တော့ဆူးဆိုတဲ့မိန်းမဟာခုံပေါ်မှာအခန့်သားခြေချိတ်ထိုင်လို့ပေါ့...

'ဆူး...မင်း....'

'ဘာလဲ...?ခဏလောက်လေးရိုက်ပေးလိုက်တာကျွန်မဘယ်သူလဲဆိုတာမသိရတယ်အထိအတိတ်ပါမေ့သွားတာလား...ဟားဟား...ကြည့်ရတာကျွန်မလက်တွေကသိပ်ကိုအားကောင်းခဲ့တယ်ထင်ပါ့...'.

'မောင်....မောင်ရော...'

'ဟားဟားဟား...'

'မင်း...မင်းမောင့်ကိုတစ်ခုခုလုပ်လိုက်တာတော့မဟုတ်ဘူးမလား....?မင်း..မင်း...'

'တစ်ခုခုလုပ်လိုက်တယ်ဆိုရင်တောင်နင့်လိုသောက်ခြောက်ကခုချိန်မှာဘာတွေလုပ်နိုင်ဦးမှာလဲ...?ဟက်...သောက်ပိုတွေလုပ်မနေစမ်းပါနဲ့....နင့်ကိုနင်သာစိတ်ပူစမ်းပါ....'

'မောင်...မောင့်......အ့...'

လဲနေရာကနေမောင့်စိတ်ကြောင့်အတင်းထလိုက်တော့လည်ပင်းနေရာနားကတင်းကနဲဖြစ်သွားရသည်....

'မင်း...ဒါ....ငါ့ကိုဘာလုပ်တာလဲ..?'

'ဟက်....ငါ့ကိုသောက်အများထင်နေလား..?လက်နဲ့ခြေနဲ့ကြိုးမတုတ်ထားထိုင်နင်ငါ့လက်ကထွက်ပြေးလို့ရမယ်ထင်နေလား...?ဟက်...ထွက်ပြေးချင်လဲရတယ်လေ...နင့်လည်ပင်းကသံကြိုးကနင့်ကိုတင်းသထက်တင်းအောင်ဆွဲကြပ်လိမ့်မယ်...အဟက်.....'

'မင်းမကျေနပ်တာကျုပ်မလား..?မောင့်ကိုမင်းချစ်ခဲ့တယ်မဟုတ်လား...?ဘာကြောင့်သူ့ကိုခုလိုလုပ်ရတာလဲ...?'

'ဒါကတော့ရှင်းပါတယ်...သူ့ကငါ့ကိုအတုအယောင်အချစ်တွေဘဲပေးခဲ့လို့လေ....'

'မင်းဘာတွေပြောနေတာလဲ...မောင်က...မင်းကိုဘဲ...'

'ချစ်တယ်လို့ထင်နေတာလား...?ဟက်..ကျွန်မကိုလေ....ဟင်းဟင်း...ကြည့်ရတာမောင်ကသရုပ်ဆောင်တာသိပ်တော်ခဲ့တယ်ထင်ပါရဲ့...အများရှေ့မှာတော့ကျွန်မကသူ့အချစ်ခံပေါ့..ဒါပေမဲ့ကွယ်ရာမှာတော့အပြစ်ခံလူသားဆိုတာကာယကရှင်လောာက်တော့ဘယ်သိမလဲ....?တကယ်တော့သူတန်ဖိုးထားတာနင့်ကို....ငါမဟုတ်တဲ့ယောကျ်ားတစ်ယောက်ကိုတဲ့...'

Love  or hateWhere stories live. Discover now