Chapter-34(Unicode+Zawgyi)Final(Part 1)

204 6 0
                                    

ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုသာငေးနေမိပေမဲ့ကျွန်တော်မတားနိုင်ခဲ့ဘူး....

ဟိုးအဝေးကပုံရိပ်လေး...တဖြည်းဖြည်းလွင့်ပျယ်ပျောက်ကွယ်သွားတာလေးကိုဘဲအမှတ်မထင်ငေးနေမိသည်....

ကျွန်တော်ရူးနေပြီထင်တယ်...

ကောင်လေးသိပ်ဆိုးတာလဲ.....

ကောင်လေးကိုငေးနေမိတာ...ကားမောင်းတဲ့driverဦးလေးကြီးကျွန်တော့်နာမည်အော်ခေါ်မှဘဲသတိပြန်ဝင်မိသည့်အဖြစ်....

'ဆရာ....'

'ဗျာ....ကျွန်တော့်ကိုခေါ်တာလား.
.?'

'အင်း...ဆရာကိုခေါ်နေတာကြာနေပြီ..'

'ဆောရီး...ကျွန်တော်ဒီနေ့စိတ်နဲ့လူနဲ့မကပ်သလိုဖြစ်နေလို့...ဒါနဲ့စောနက....'

'စိတ်ချပါဆရာ...ကျွန်တော်မမလေးကိုပြန်မပြောပါဘူး....'

'အင်း....ကျေးဇူး... ဟူး....'

ဦးလေးနဲ့ ကားအပြင်ဘက်မှာစကားရပ်ပြောနေချိန်မှာဘဲအမှတ်မထင်ဝင်လာတဲ့လက်သီးတချက်....

'ခင်ဗျားအသက်ရှင်နေသေးတာဘဲ!!'

'ခွပ်....'

'ဟာ...ဆရာ...အဆင်ပြေရဲ့လား? '

'ပြေတယ်...ပြေတယ်....ဒီမှာ...ကောင်လေး...မင်းဘာလုပ်တာလဲ..?'

'ထိုးလိုက်တာလေ...မကျေနပ်လို့.....ခင်ဗျားဗျာ.....!တောက်!!!'

'မင်းဘာဖြစ်ချင်နေတာလဲ..?မင်းကိုငါမသိဘူးနော်..မင်းနဲ့ငါနဲ့ရန်ငြိုးရှိလို့လား..?

'ရန်ငြိုးရယ်တော့မရှိပေမဲ့....ခင်ဗျားကြောင့်ဝေးခံစားခဲ့ရတာတွေအတွက်....'

'ဝေးလေပြေနဲ့မင်းနဲ့ကသိကြတာလား...?'

'အဲ့တာတွေခင်ဗျားသိချင်ရင်ကိုယ်တိုင်စဉ်းစားကြည့်ပေါ့....မကူညီပေးနိုင်တာအတွက်တော့sorryဘဲ....တကယ်တော့ခင်ဗျားကံကောင်းသွားတယ်မှတ်ပါ...ဒီလက်သီးတချက်နဲ့တော့မကျေနပ်နိုင်ပေမဲ့လို့ပေါ့.....အကယ်လို့များအတိတ်မှာခင်ဗျားသာကျွန်တော့်ကျေးဇူးရှင်မဖြစ်ခဲ့ရင်ခင်ဗျားကိုဒီနေရာမှာတင်ကားနဲ့တိုက်သတ်ပြစ်တယ်....'

Love  or hateWhere stories live. Discover now