'ဝေးလေးရေ....'
'ဗျာ....'
'အဟက်....မောင့်မိန်းမလေးထူးတာကလဲချစ်လိုက်တာ...'
'ဟွန့်....ကျွန်တော်ဘာလုပ်လုပ်အဲ့မှာခင်ဗျားဘဲချစ်နေလိုက်...'
'အဲ့တာကလဲမောင့်အသဲလေးကချစ်ဖို့ကောင်းတာကိုးကွ...'
'ထားပါလေ....လူကိုချစ်ဖို့ကောင်းတယ်လို့ပြောတော့လဲခင်ဗျားကြီးကိုရန်မရှာတော့ပါဘူးလေ...'
'ပြောပါဦး...မောင့်ကိုချစ်လားလို့...?'
'လာပြန်ပြီလား..ဒီစကားကြီး....ခင်ဗျားတနေ့တနေ့အဲ့တာကြီးဘဲမေးနေတာမမောဘူးလား...?'
'လုပ်ပါဝေးရဲ့..ဟောဒီ့ကလေးအမေလေးရဲ့ပါးစပ်ကနေမောင့်ကိုအရမ်းချစ်ပါတယ်လို့အထပ်ထပ်ပြောတာလေးကြားချင်လို့ပါဗျာ...'
'ဝေါ့....ဟွန့်..အိပ်မက်မက်လိုက်လေ....'
'အဲ...အမွှာပူးလေးလား...ဗိုက်ထဲက....?'
'ဘာလဲ..?ခင်ဗျားငစားဘဲဗျာ...?'
'ဝေးဘဲဝေါ့ဆို....မောင်ကတဗိုက်ပေါ်နောက်တဗိုက်...ဟိထပ်ဆင့်တဘ်ထင်လိုက်တာ...'
'မောင့်...!!'
'ဟီး...ချစ်လို့စတာပါဗျာ.....ခင်ဗျားလေးကလဲ..စိတ်ဆိုးမယ်ဆိုတာချည်းဘဲဗျာ...'
'သိဘူး..ခုတလောမောင်အရမ်းစတော့စိတ်တောင်မရှည်ချင်တော့ဘူး...'
'ကဲပါ...လာ..ခုတော့မောင်ရေပတ်ဝတ်တိုက်ပေးမယ်...မဟုတ်ရင်ဝေးလေးမလန်းဘဲနေမှာ.....'
'အွန်း....'
မောင်ကရေချိုးခန်းထဲကနေယူလာတဲ့ဇလုံထဲတပတ်ဖြူလေးတထည်ထည့်လိုက်ရေညှစ်လိုက်..ဝေးကိုယ်ပေါ်ကိုသုတ်ပေးလိုက်နဲ့အလုပ်ရှုပ်နေတော့တာပေါ့....
မောင်ဝေးရင်ဘတ်ကိုရေပတ်တိုက်ပေးတော့မောင်နဲ့ဝေးမျက်နှာကတစ်ယောက်နဲ့တစ်ယောက်နီးကပ်လွန်းတာကြောင့်မောင့်မျက်လုံးအောက်ကချိုင့်ခွက်ဝင်နေတဲ့မျက်ကွင်းညိုလေးတွေတောင်အမှတ်မထင်မြင်လိုက်မိပါသေးသည်....
'မောင်....'
'ဟင်..ပြောလေဝေး....မောင်နားထောင်နေပါတယ်ဗျာ...'
YOU ARE READING
Love or hate
Romanceသိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထားပါ..အတိတ်ကအဝေးရဲ့အမုန်းကိုခုဘဝမှာသင်ပုန်းချေဖို့မောင်ကြိုးစားမှာမို့မင်းဘက်ကမောင့်ကိုခွင့်လွှတ်ပေးဖို့ပြင်ထားပေးပါအဝေး....ဒါဟာလဲမောင့်အတ္တ...