Chapter19(Unicode+Zawgyi)

174 7 2
                                    

ဒီနေ့ကတကယ်တော့တန်ဖိုးထားတတ်တဲ့လူအတွက်တော့နေ့ထူးနေ့မျက်လေးတစ်ရက်ဖြစ်ကာင်းဖြစ်နိုင်ပါတယ်...

ဒါပေမဲ့အဝေးအတွက်တော့ဒီနေ့ဟာသာမာန်နေ့တွေနဲ့မထူးမခြားနားပင်.....

အိပ်ယာပေါ်မှာထိုင်နေခဲ့ပြီးအပြင်ပြတင်းပေါက်ကနေကြားနေရတဲ့ငှက်ကလေးတွေရဲ့တီတီတာသီကြူးသံကိုနားထောင်မိသည်.....

အိုး.....သူတို့ဘဝလေးတွေကသိပ်အားကျဖို့ကောင်းတာဘဲမဟုတ်လား...

သူတို့အလိုရှိတဲ့ဘယ်နေရာမဆိုတောင်ပံဖြန့်ပြီးပျံသန်းသွားနိုင်သလိုဘဘ်သူမှလဲသူတို့ကိုချုပ်ချယ်ချုပ်နှောင်ထားမှာမျိုးမရှိဘူး.....

အရာရာကိုလွတ်လွတ်လပ်လပ်နဲ့လုပ်နိုင်တယ်....

ဟင်း......

ခု....ဝေးဘဝကိုလဲဝေးမပိုင်တော့ဘူး....ဇာတ်ဆရာအလိုကျကြိုးဆွဲရာကပေးနေရတဲ့ဒီဘဝကြီးကိုအရမ်းငြီးငွေ့တာဘဲ...

ဘာလို့များ..ကံတရားကဝေးဘဝကိုအချုပ်အနှောင်တွေနဲ့ပိတ်လှောင်ထားရတာလဲ...?

ဘာလို့များတကြိမ်တခါလေးတောင်လွတ်မြောက်ခွင့်မပေးရတာလဲ...

ခုလဲဘာလို့အိမ်ထောင်ဆိုတဲ့နေရာထဲပြစ်ပြစ်ခါခါစွန့်ပစ်ရက်ခဲ့တာလဲ....

ကံတရားရယ်..မင်းကကျုပ်အပေါ်ကြမတရားလိုက်တာ...

'ဝေး......တစ်ယောက်တည်းဘာတွေတွေးနေရတာလဲဗျ....မောင့်ကိုလဲပြောပြပါဦး..'

'မပြောပြချင်ဘူးဆိုရင်ရောအဆင်ပြေမလားမောင်...'

ဝေးမမြင်ရတောင်ဝေးစကားကြောင့်မောင်အင်တင်တင်ဖြစ်သွားမှာကိုတော့တွေးမိသား....

'အာ..အင်း...ဝေးမဖြေချင်ရင်လဲမောင်မမေးတော့ပါဘူး...ဟားဟား...ကဲ..ဒီနေ့ကဘာနေ့လဲဝေး....'

'.....'

'အင်း...ဒီနေ့ကမောင်နဲ့ဝေးတရားရုံးမှာနှစ်ဦးသဘောတူလက်မှတ်ထိုးရမဲ့နေ့လေ...ဟဲ..ဟဲ...ဝေးမေ့နေပြီလို့မောင့်ကိုမပြောနဲ့နော်...ဟားဟား...'

'မမေ့ပါဘူးမောင်...မောင်မပြောလဲကျုပ်ပြင်ဆင်မလို့ပါ...ခုကဒီတိုင်းစိတ်တွေတင်းကြပ်ပြီးလေးနေလို့ခဏလေးထိုင်နေတာပါ...'.

Love  or hateWhere stories live. Discover now