Chapter11(Unicode +Zawgyi)

221 11 3
                                    

ဆူး......'

'ဟဲလို....နေကောင်းရဲ့လားကောင်လေး...?'

'အင်း....အဆင်ပြေပါတယ်...'

'အော်...အော်...ဘာရယ်မဟုတ်ပါဘူး....တို့သတင်းကြားမိလိုက်လို့ပါ....မောင့်ရဲ့အဖေဦးနေမင်းမောင်ဆုံးတယ်ဆိုလို့....မင်းတော်တော်မှအဆင်ပြေရဲ့လား..?မင်းစိတ်မကောင်းဖြစ်ပြီးအိပ်ယာထဲတောင်လဲသွာတဲ့အထိဖြစ်သွားတဘ်လို့မောင့်စီကကြားမိလိုက်လို့ပါ....'

'ခုလိုကြဖုန်းဆက်သတင်းမေးနိုင်ပြီးဦးနေရက်လည်နေ့ကကြခင်ဗျားရောမေမေကြီးရောရောက်မလာကြဘူးနော်....တကယ်ရောစိတ်မကောင်းဖြစ်တာရောဟုတ်ရဲ့လား..?'

'အိုး...မင်းတို့ကိုကျေးဇူးမတင်ဘူးဆိုရင်တောင်ခုလိုတို့စေတနာကိုမစော်ကားသင့်ဘူးထင်တယ်....တို့ရောမာမီရောမလာဖြစ်ဘူးဆိုတာလဲမာမီ့ကျန်းမာရေးကြောင့်ပါ...'

'ဟက်....ဒီအချိန်ထိရောက်တာတောင်ခုလိုမျိုးပြောထွက်သေးတဲ့ခင်ဗျားတို့ရဲ့အလိမ်ညာစကားတွေကမသတီစရာကောင်းလိုက်တာ...ကျုပ်ကလေအဲ့စေတနာမပါဘဲအပေါ်ယံဆားလာဖြူးတဲ့လူတွေဆိုသိပ်မုန်းတာဘဲ...'

'ဘာ!!မင်း.....'

'ခင်ဗျားမှာပြောစရာရှိနေရင်လဲကျုပ်မအားလို့ခွင့်ပြုပါဦးအမိ....ခင်ဗျားအားယားနေရင်လဲကျုပ်ကအလုပ်နဲ့အကိုင်နဲ့မို့...ဒါဘဲနော်.....'

သူမဘက်ကဘာမှပြန်မပြောရသေးခင်ကျွန်တော့်ဘက်ကဦးအောင်ဖုန်းချပြစ်လိုက်သည်....

ခုလိုစိတ်ထိခိုက်ဝမ်းနည်းနေချိန်မှာကျွန်တော်တစ်ယောက်တည်းနေချင်တာမို့မောင့်ကိုတောင်မလာခိုင်းတာ...ခုလဲသူ့အနှောင်းအဆွေတွေကကြားကဝင်နှောက်သေးတယ်...စိတ်ညစ်လိုက်တာ..

'ဟူး.....'

'တင်း....တောင်.....'

'ဟင်း...ဘယ်သူလဲဗျာ...?'

'တင်း...တောင်...တင်း..တောင်...'

ဟူး.....အရေးထဲအရှေ့ကနေလူခေါ်ခေါင်းလောင်းကိုအသားကုန်တီးနေတော့တာဘဲ...

'တင်းတောင်..တင်းတောင်.....တင်း...တောင်...'

'ဒီမှာ..လာပြီ..လာပြီ..တကယ်ပါဘဲ..ဘာဖြစ်နေတာလဲဗျာ..'

Love  or hateWhere stories live. Discover now