Chapter24(Unicode+Zawgyi)

130 7 2
                                    

ဒီနေ့ကဝေးဆေးရုံကဆင်းရမဲ့နေ့ပေါ့...

ဝေးကကျွန်တော်သူ့ကိုကိုယ်ဝန်ဖျက်ချဖို့ပြောတည်းကကျွန်တော့်ကိုလှည့်တောင်မကြည့်တော့.....စကားပြောဖို့ဆိုဝေးသေး...ဟင်း.....

ကျွန်တော်ကြွေးတာဆိုမစားတော့သလို..ကျွန်တော့်ကိုလဲအနားကပ်မခံတော့.....

ခုလည်းကိုယ်ကသာပြန်ဖို့ပစ္စည်းတွေကောက်သိမ်းနေတာသူကတော့ပြတင်းပေါက်နားလေးမှာမတ်တပ်ရပ်လေးအပြင်ကိုငေးနေရော....

ကျွန်တော်လဲဘာမှဆက်မပြောတော့ဘဲရေချိုးခန်းထဲမှာဝေးလဲနေကျအဝတ်လေးတွေကျန်ခဲ့မှာစိုးတာကြောင့်တချက်ဝင်ကြည့်နေတုန်းကြားလိုက်ရတာက'ခွမ်း'ကနဲဘဲ

ခပ်မြန်မြန်ဘဲရေချိုးခန်းပြင်ထွက်ကြည့်မိတော့ဝေးကဆေးရုံပြတင်းပေါက်ကနေကျော်ဆင်းဖို့လုပ်နေတာ....

'ဝေး...ကလေး....!!'

ခပ်မြန်မြန်သာသူ့အနားရောက်အောင်ပြေးသွားရင်ပြတင်းပေါက်ဘောင်ပေါ်ရောက်နေတဲ့သူ့ခါးသေးသေးလေးကိုနောက်ကနေလှမ်းဆွဲဖက်ထားမိသည်...

ဒါတောင်ကောင်လေးကသူရှိသလောက်အားလေးနဲ့ရုန်းပြန်ရော....

'ဝေး...'

'လွှတ်..အင့်...ကျွန်တော့်ကိုလွှတ်...'

'ဝေး...မင်းဘာဖြစ်နေတာလဲ..?မောင်လွှတ်လိုက်ရင်မင်းပြုတ်ကျသွားလိမ့်မယ်ဝေး...'

'လါှတ်လို့ပြောနေတယ်လေခင်ဗျားကို..လွှတ်..လွှတ်လို့...'

'မလွှတ်နိုင်ဘူးကွာ...'

ကျွန်တော်နဲ့ဝေးနှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာဘဲတေ့တေ့ဆိုင်ဆိုင်ရောက်လာတဲ့မေမြင့်...

'အမလေး..ဘုရား..ဘုရား....သားငယ်...ဘယ်လိုဖြစ်တာလဲ....?မောင်ရင်..ဒါကဘဘ်လိုဖြစ်တာလဲကွယ်...'

'မေမြင့်....ကျွန်တော့်ကိုကူပါဦး...'

နောက်ဆုံးမေမြင့်ကဖြောင်းဖျပြီးပြောမှပြတင်းပေါက်အောက်ပြန်ဆင်းလာတဲ့ဝေးကလေး...

သူကြမ်းပေါ်ကိုခြေချတော့မှဘဲကျွန်တော့်မှာသက်ပြင်းချနိုင်တော့သည်...

Love  or hateWhere stories live. Discover now