Chapter 8(Unicode +Zawgyi)

233 10 6
                                    

လွမ်းတယ်.....

အခုလိုတစ်ယောက်တည်းအားငယ်နေချိန်ဆိုအမကိုသိပ်လွမ်းတာဘဲ....

နောက်ပြီးတစ်ခါမှမတွေ့ဖူးတဲ့အဖေ့ကိုလဲလွမ်းမိတယ်....

နောက်တော့မောင်နဲ့ပတ်သက်ပြီးအမှတ်တရတွေအများကြီးရှိခဲ့တဲ့ပုဂံမြို့လေးကိုလဲလွမ်းမိသား...

ကိုယ့်ကိုနာကြင်အောင်နောက်ကျောဘက်ကနေထိုးစိုက်မဲ့ဓားမှန်းသိတောင်မောင်ကပေးတဲ့လက်ဆောင်ပဲမို့ကျေကျေနပ်နပ်ကြီးအပြုံးတွေနဲ့ခံယူခဲ့ပါတယ်မောင်....

တခါတလေများစဉ်းစားမိတယ်.....အချစ်အပေါ်မှာသစ္စာရှိလွန်းတဲ့မောင်ကဘဲမှားတာလား...မောင့်မှာပိုင်ရှင်ရှိမှန်းသိရက်နဲ့မျှော်လင့်ချက်အနည်းငယ်လေးဖြင့်ရူးရူးမိုက်မိုက်နဲ့ရှေ့ဆက်တိုးခဲ့မိတဲ့အဝေးဘဲမှားနေလားဆိုတာ......

မတွေးချင်ဘူးမောင်...ရင်ဘတ်ထဲကမောင့်အကြောင်းတွေးလိုက်တိုင်းတဆစ်ဆစ်နာလွန်းလို့.....

မကြားချင်ဘူးမောင်....မောင့်စီကနေအဝေးကိုတွန်းထုတ်ပြစ်နိုင်တဲ့ခါးသက်သက်စကားလုံးတွကို

မသိချင်ဘူးမောင်......မောင်နဲ့ဆူးဆိုတဲ့မိန်းကလေးရဲ့ပျော်ရွှင်စွာရယ်မောနေသံတွေကို.....

လျစ်လျူရှုဖို့ကြိုးစားမိပေမဲ့မောင်ဆိုတဲ့လူသားကအဝေးအတွက်မျက်ကွယ်မပြုနိုင်တဲ့လူသားဖြစ်တော့လဲအခက်သား...

အင်း....မောင့်ကိုမှမစွန့်ခွာနိုင်တော့လဲမောင်ပေးတဲ့ဒဏ်ရာလှလှလေးတွေကိုအပြုံးနဲ့ခံယုံပေါ့....

သက်သက်ညှာညှာတော့လုပ်ပါမောင်....ဒီတောသားရဲ့နှလုံးသားကလဲအသွေးနဲ့အသားနဲ့တည်ဆောက်ထားတာမို့...နာကြင်တတ်တယ်ဆိုတာတော့မောင်မမေ့ပါနဲ့....

စိတ်ချပါမောင်....မောင်မျှော်လင့်ထားတဲ့အတိုင်းမောင့်ဘေးနားမှာမောင်လိုချင်တဲ့အတိုင်းရင်နာနနဲ့မောင့်ရဲ့အရင်းနှီးဆုံးသောမိတ်ဆွေတစ်ယောက်အဖြစ်နေနိုင်ဖို့ကျုပ်ရဲ့မောင့်အပေါ်ထားတဲ့သစ္စာနဲ့မေတ္တာတရားတွေကိုကျုပ်ကိုယ်တိုင်ဘဲကျုပ်နှလုံးသားထဲမှာသော့ခတ်ပြီးအပြီးသိမ်းလိုက်ပြီမို့......

Love  or hateWhere stories live. Discover now