Chapter14(Unicode+Zawgyi)

200 9 3
                                    

'အင်း....ဟင်း...'

'အဝေး...အဝေး..သတိရလာပြီလား..?'

အသံလာရာကိုကြည့်မိတော့ကျွန်တော့်လက်ကိုဆွဲကိုင်ကာကျွန်တော့်ကိုငေးကြည့်နေတဲ့မျက်လုံးတစုံ....

'ဖယ်...ခင်ဗျားကျုပ်လက်ကိုလွှတ်..'

သူ့လက်ထဲရောက်နေတဲ့ကျွန်တော့်လက်ကိုရုန်းတော့အသားထဲကနာတာများဆစ်ခနဲပင်...

'အ့....'

'အော်..ကြည့်...ခုတော့နာပြီမဟုတ်လား...?လက်မှာဆေးသွင်းထားတော့အပ်စိုက်ထားတယ်လေ....အဝေးကခုလိုရုန်းတော့နာသွားတာပေါ့....ဖူး...မောင်မှုတ်ပေးမယ်နော်....ဖူး..ဖူး..'

ပြောပြောဆိုဆိုနဲ့သူကကျွန်တော်ရုန်းလိုက်လို့သွေးနည်းနည်းစို့သွားတဲ့ကျွန်တော့်လက်ကိုတစ်သျှူးလေးနဲ့ခပ်ဖွဖွသုတ်လိုက်....လေနဲ့မှုတ်ပေးလိုက်နဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေတော့သည်....

သံယောဇဉ်ဆိုတာကဖြတ်ရခက်တယ်ဗျ...

အစကတည်းကကိုယ့်အတွက်နာကြင်ရမဲ့ကြိုးတချောင်းသာဖြစ်မယ်ဆိုရင်ဘာမှမစဉ်းစားဘဲဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီးစွန့်လွှတ်ပစ်သင့်ရင်စွန့်လွှတ်တတ်ရတယ်...

မဟုတ်ရင်နောက်ဆုံးကြကိုယ်ဘဲရင်ကွဲရမှာမဟုတ်လား....

'ဟင့်...'

'အဝေး....ဘာလို့ငိုနေတာလဲ...?မငိုပါနဲ့...'

'ထွက်သွားပေး....'

'ဟင်...'

'ကျုပ်တစ်ယောက်တည်းနေချင်တာမို့..ခဏလောက်လေးဘဲဖြစ်ဖြစ်ထွက်သွားပေးနိုင်မလား..?'

'ဒါပေမဲ့....'

'အဝေး...တောင်းဆိုတာပါ...မောင်...အဝေးတစ်ယောက်တည်းနေချင်လို့..ခဏလေးပါဘဲ..ခဏလေးပါ..'

မျက်ရည်တွေဝိုင်းကာပြောလာတဲ့သူ့ကိုကျွန်တော်ဘယ်လိုမှလျစ်လျူမရှုနိုင်တာကြောင့်သူ့သဘောဆန္ဒအတိုင်းသူ့အနားကနေခဏလောက်ထွက်လာလိုက်သည်...

အခန်းတံခါးပိတ်ပြီးအပြင်ရောက်တော့အခန်းထဲကနေအဝေးရဲ့ရှိုက်ကြီးတငင်ငိုကြွေးသံကိုကြားလိုက်ရသည်...

Love  or hateWhere stories live. Discover now