Chapter9(Unicode+Zawgyi)

199 8 4
                                    

လောကကြီးသည်နားလည်ရခက်သည်....

မောင့်ကိုဆိုအမြဲတမ်းအရှုံးပေးတတ်တဲ့အဝေးကိုကြဘာလို့မောင်ကအမြဲအနိုင်လိုချင်နေရတာလဲ....

မောင်ဆိုသည်မှာကျွန်တော်ကြားဖူးသောနွံလေးနှင့်တူသည်.........မောင့်မာယာကျော့ကွင့်မှန်းသိလို့စိတ်ကိုတင်းပြီးနောက်ကိုဆုတ်ပြန်ပါသော်လည်းနွံတွေလိုရုန်းလေနစ်လေဖြစ်နေတာကြောင့်ကျွန်တော်ခုချိန်ထိမောင့်မာယာကျော့ကွင်းထဲမလွတ်မြောက်နိုင်သေးပေ....

တစိတ်....မောင်သည်....ကျွန်တော့်အားပြုစားလွန်း​ေနသည်မဟုတ်ပါလား...?...
.......

'အဝေးရေ....'

အိမ်ထဲပင်မရောက်သေးသည့်မောင်ကသူပြန်လာတိုင်းအကျင့်တစ်ခုလိုပင်အိမ်ပေါက်ဝကနေအဝေးကိုအော်ခေါ်တတ်မြဲပင်...

'ဗျာ...လာပြီမောင်ရေ.....'

တွေးလက်စတို့အားလက်စသတ်ကာမောင်ရှိရာစီသုတ်ခြေတင်ရပြန်သည်...မသွားလို့လဲမရ....မောင့်ဒေါသကိုသိတာမို့...

မောင်ဆိုသည်မှာသူခိုင်းတာဆိုချက်ချင်းလုပ်မှကြိုက်တတ်သည့်သူမျိုးမဟုတ်လား....

သိပ်ကြောက်ပါသည်..မောင်အဝေးအပေါ်ကိုစိတ်ကွက်သွားမှာ....

မောင်တစ်ခါတစ်ခါစိတ်ဆိုးရင်ချော့လို့မှမလွယ်ဘဲ...

ဒါကြောင့် ဘာမှဆက်တွေးမနေဘဲမောင်ရှိရာစီသို့သာအရောက်လှမ်းခဲ့ရတော့သည်...

လက်ထဲမှာလည်းမောင်အမောပြေစေဖို့လိမ္မော်ရည်ဖျော်ရည်လေးပါသေချာကိုင်ရင်းပေါ့....

'မောင်...ဒီနေ့စောတယ်နော်....'

'အင်း.....အလုပ်နည်းနည်းပျက်တာနဲ့အိမ်ဘဲပြန်လာလိုက်တာ.....'

'အွန်း....ဟိ..ရော့မောင်....ဒီမှာမောင်အမောပြေသောက်ဖို့.....'

မောင့်လက်ထဲကအထုပ်များအားလက်လွှဲယူကာမောင့်လက်ထဲစေတနာပါပါနဲ့လိမ္မော်ရည်လေးထည့်ပေးမိသည်.....

'ပြုံးလို့ပျော်လို့ပါလား....ဘာတွေသဘောတွေ့နေတာလဲအဝေး....?'

Love  or hateWhere stories live. Discover now