Chapter33(Unicode+Zawgyi)

167 7 4
                                    

ကျွန်တော်ခုဒီနေရာမှာရပ်နေမိတာအချိန်အတော်ကြာသည်အထိ...

ညနေစောင်းတော့ကမ်းခြေဘက်မှဦလူသူတောင်မရှိတော့ပင်မဲ့ကျွန်တော်ကတော့ထိုနေရာမှာရပ်မြဲရပ်ဆဲပါ..

ကျွန်တော်အတွေးတစ်ခုကိုဘဲထပ်ခါထပ်ခါတွေးနေမိတာ.......

မနေ့က........မောင်ပြောတော့သူကဝေးကိုထားမသွားတော့ပါဘူးတဲ့....

ခုများကြတော့မောင်ကသူ့အနားမှာရှိတဲ့မိန်းကလေးတစ်ယောက်နဲ့လက်ချိတ်ပြီးကမ်းခြေဘက်လမ်းလျှောက်ထွက်လာတာများမျက်နှာကိုပြုံးလို့....

တကယ်ဘဲခုတော့ဝေးကမောင့်အတွက်အပြင်လူဖြစ်သွားခဲ့ပြီလားဟင်....

မောင်ဝေးကိုထပ်မချစ်နိုင်တော့ဘူးလားမောင်.....

ဒီ၁၅နှစ်ကျော်အတွင်းမှာဝေးဘက်ကနေမောင့်ပြန်အလာကိုသစ္စာရှိရှိစောင့်နေခဲ့ပေမဲ့မောင်ကတော့ဝေးကို.......ဟင့်...မှတ်တောင်မမှတ်မိတော့ဘူးတဲ့....

မေ့နေတာလား...မေ့ချင်ယောင်ဆောင်နေတာများလားမောင်ရယ်....

မောင်ငါ့ကိုစိတ်ဆိုးနေလို့များလား...?မောင့်ရင်သွေးလေးကိုဝေးမကာကွယ်ပေးနိုင်ခဲ့လို့လေ.......

မဟုတ်သေးပါဘူး....မောင်သာအသက်ရှင်သေးရင်သားလေးရောအသက်မရှင်နိုင်ဘူးလား..?

သား...သားလေးကရော.....

အတွေးလွန်နေချိန်မှာဘဲဝေးနောက်ကျောဘက်ကနေဝေးရင်းနှီးလွန်းလှတဲ့အသံတစ်ခုကိုကြားလိုက်ရသည်.....

'ဝေးလေပြေ......'

ဝမ်းသာအားရစွာနဲ့လှည့်ကြည့်မိတော့မောင်ခေါ်တာကိုလှည့်ကြည့်မိလိုက်တဲ့ဝေးကိုယ့်ဘာသာကိုယ်မှားမှန်းသိလိုက်ရသည်......

မိန်းကလေးတစ်‌ယောက်ကမောင့်လက်ကိုချိတ်လို့...ဝေးကိုလဲပြုံးပြနေသေး...

ဘာလဲ..?ဒါကဘာသဘောလဲ..?ဘာသဘောလဲမောင်...?

တကယ်တမ်းတော့ဝေးနှုတ်ကဘာစကားလုံးမှထွက်မလာခဲ့ပါ....

မောင်နဲ့သူမကိုသာကြောင်ပြီးငေးကြည့်နေမိသည်.....

'.............'

Love  or hateWhere stories live. Discover now