Chapter7(Unicode+Zawgyi)

232 11 4
                                    

'ဆိုတော့....ဒီကအကိုက...တောသားပေါ့'

'တောသားဆိုတာ......'

'အင်း....စာမတတ်ပေမတတ်ရွာကတက်လာတဲ့လူကတောသားလေ...အကိုနားလည်ရဲ့လားမသိဘူး...'

ခနဲ့သလိုရွဲ့သလိုနဲ့ပြောလာပေမဲ့ကျွန်တော်နာရကောင်းမှန်းမသိခဲ့ပါ....

'အော်....အင်း....ဟုတ်ပါတယ်..ကျုပ်ကစာနည်းနည်းရေးတတ်ဖတ်တတ်ရုံလောက်ဘဲသိတာ....ပြီးတော့ရွာကလာတာဆိုတော့....အဲ့ဒါတောသားပေါ့နော်.....'

'ရှင်စိတ်မဆိုးဘူးလား...?'

'ဟင်...ဘာကိုကျုပ်ကစိတ်ဆိုးရမှာလဲအမိ..?'

'တောသားလို့ခေါ်တာကိုရှင်ကဂုဏ်ယူနေတာလား...?'

'ကျုပ်ကပျော်မိတာပါ...နောက်ကြလဲကျုပ်ကိုသင်ပေးစမ်းပါဦးဗျ...အညာကတက်လာတာဆိုတော့မြို့ကြီးသူတွေရဲ့စကားဘာညာတွေကျုပ်ကမသိဘူးလေ...ကျုပ်မသိဖူးတဲ့စကားကိုသိခွင့်ရလို့ပျော်မိတာပါ...စိတ်လုံးဝမဆိုးပါဘူးအမိရာ..အဲ့အစားကျေးဇူးတောင်တင်မိသားဗျ....'

'ဒီမှာ...ကျွန်မနာမည်ကဆူးတဲ့....အမိမဟုတ်ဘူး....'

'အော်...ဟုတ်...ကျုပ်မှတ်ထားပါ့မယ်....အမိ.....'

'ကြည့်...မခေါ်နဲ့လို့ပြောလဲနားမလည်ဘူးလား...?မကြိုက်ဘူး...'

'ဟို...တခြားသဘောနဲ့ကျုပ်ကခေါ်လိုက်တာမဟုတ်ပါဘူး...ကျုပ်တို့ရွာမှာဆိုအဲ့လိုမိန်းကလေးတွေကိုခေါ်နေကြမို့.....'

'အိုး..အဲ့တာကတော...ဒါကရန်ကုန်လေ.....တူသလား...?နောက်ခါကြအဲ့လိုသာမခေါ်ပါနဲ့..ရုပ်ပျက်တယ်.....'

'အင်း......'

'ဒါနဲ့....ကျွန်မမေးတာကိုရှင်တစ်ခုလောက်ဖြေမလား...?'

'မေးစရာရှိမေးပါ..ကျုပ်ဘက်ကအရိုးသားဆုံးဖြေပေးပါ့မယ်.....'

'ရှင်မညာဘူးဆိုတာကျွန်မကဘယ်လိုသိနိုင်မလဲ....?'

'ဒါကတော့ကျုပ်လဲမပြောတတ်ဘူး...မင်းသဘောပါ....'

'ထားတော့..သိချင်နေတော့လဲမေးကြည့်မယ်....'

ကျွန်တော့်ကုတင်ဘေးကခုံပေါ်မှာထိုင်နေတဲ့သူမကဟန်ပါပါခြေချိတ်လိုက်ရင်းကျွန်တော့်ကိုစူးစိုက်ကြည့်လာတော့သည်....

Love  or hateWhere stories live. Discover now