Chapter6(Unicode +Zawgyi)

258 8 2
                                    

'အဝေး...'

ကားမောင်းနေတဲ့မောင်ကရုတ်တရက်ကျုပ်လက်ကိုဆုပ်ကိုင်လာတာကြောင့်ရင်ထဲကဘာကောင်လဲမသိအဆက်မပြတ်ခုန်လာပြန်ရော....

'အဝေး.....မောင်ခေါ်နေတာကြားလား...?'

'အင်း....ပြောပါမောင်...'

'မင်းအဆင်ပြေရဲ့လား....?'

'ဟမ်....'

'ဘာကြောင်ကြည့်နေတာလဲ.....?မေးနေတာဖြေလေ....အဆင်ပြေလားလို့...?'

တကယ်ဆိုမပြေဘူးမောင်ရေ...မောင်ပေးတဲ့ဘာမဟုတ်တဲ့ဒဏ်ရာလေးကအဝေးကိုအရမ်းအသက်ရှူကြပ်စေတာဘဲလို့ပြောပြစ်လိုက်ချင်တယ်....ဒါပေမဲ့ကျုပ်အဖြစ်ကမောင့်ကြောင့်ပါဆိုပြီးအပြစ်တင်လို့မှမရဘဲ....ဘာလို့ဆိုမောင့်ကိုချစ်မိနေတဲ့ကျပ်ဘက်ကတစ်ဖက်သက်အချစ်လေဗျာ.....ဟင်း....ကျုပ်လေစိတ်ရှိတိုင်းသာလုပ်ရမယ်ဆို...အတ္တကြီးကြီးနဲ့မောင်နဲ့ဆူးဆိုတဲ့မိန်းမရဲ့ဆက်နွယ်မှုကိုဖြတ်တောက်ပြစ်လိုက်ပါလားလို့လဲတောင်းဆိုချင်မိတယ်....ဒါပေမဲ့...တကယ်တမ်းပြောမိလိုက်တာက...

'အဆင်ပြေပါတယ်မောင်.....'လို့ပေါ့....

တကယ်ပါ...မောင့်ကြောင့်နဲ့ကျုပ်ညာတတ်နေပြီ...မောင်သိပ်ဆိုးလွန်းတယ်လို့မထင်ဘူးလား..?

'အဝေး.....မင်းကြည့်ရတာအဆင်မပြေသလိုဘဲ...မျက်တွင်းတွေလဲကျနေသလိုဘဲ...မှန်းစမ်း.....ကိုယ်ရောပူနေသလား...?'

ပြောပြောဆိုဆိုနဲ့ကျုပ်နဖူးပေါ်တင်လာတဲ့သူ့ရဲ့လက်ဖဝါးလေးခပ်နွေးနွေး...

ကားကိုလမ်းဘေးခဏထိုးရပ်ပြီးကျွန်တော့မျက်နှာကိုသေချာကြည့်နေပြန်ရော...

တကယ်ပါ...ခုလိုသာမောင်ဆက်လုပ်ရင်ကျုပ်မောင့်ကြောင့်နဲ့နေရခက်လှချည်ရဲ့...

'ညကတော်တော်နဲ့အိပ်မပျော်လို့....ရတယ်...ကျုပ်ဘာမှမဖြစ်ဘူး....အ့..မောင့်...ဘာလို့ကျုပ်လက်ချောင်းကိုလာကိုက်ရတာလဲ...?

'အ​ဝေး လို့ပြောလို့သင်ထားတဲ့ဟာ....'

'ကျုပ်..အဲ..အဝေးမေ့သွားလို့ပါ....'

Love  or hateUnde poveștirile trăiesc. Descoperă acum