Chapter20(Unicode+Zawgyi)

172 6 6
                                    

'ဟဲလို.....ဝေးပြောနေပါတယ်....ဘယ်သူပါလဲဗျ...?'

'အဟင်း....မောင်ပါဝေး...'

'အော်...မောင်...ပြော....'

'ဝေးကလဲ..အသံကြီးကမောင်နဲ့မပြောချင်သလိုလိုဘာလိုလိုနဲ့....'

'မောင့်...'

'ဗျ့...'

'မင်းလွန်လွန်းတယ်လို့မထင်ဘူးလား...?'

'ဟင်..ဘာကိုလဲ..?မထင်ပါဘူး..?'

'တလတလဖုန်းဘေလ်ကမင်းအဘအလကားထောက်ပံံပေးနေတာမဟုတ်ဘူးနော်မောင်...ဘာလို့ခဏခဏဖုန်းဆက်နေရတာလဲ..?'

'ဟီး....ခဏခဏမဆက်ပါဘူးဝေးကလဲ..'

'ဘာ...!!'

'ဟို....၁၅မိနစ်ခြားတခါလေးပါ...ဝေးကလဲ...မောင်ကဝေးကိုတစ်ယောက်တည်းထားပြီးအပြင်မှာထွက်အလုပ်လုပ်နေရတာမလား...?အိမ်မှာကျန်ခဲ့တဲ့မောင့်ဘေဘီလေးကိုမောင်ကလွမ်းလို့ဆက်တာကိုဝေးကလဲ...'

'အော်.....မင်းကငါ့ကြမချစ်ဘဲဗိုက်ထကထွက်မလာသေးတဲ့အကောင်ပေါက်ကိုလွမ်းလို့ဆက်တယ်ပေါ့လေ..အဟင့်..ရပါတယ်....မင်းမချစ်လဲရတယ်..သိလား....?'

'ဟာ....အဲ့မှာမင်းနဲ့မောင်နဲ့တော့တက်တက်စင်အောင်လွဲနေပါပြီဘေဘီရာ...မောင်ပြောတဲ့ဘေဘီလေးဆိုတာဝေးလေးကိုပြောတာလေ..ချစ်လွန်းလို့ဘေဘီလေးလို့ခေါ်လိုက်တာပါဝေးရယ်...စိတ်မဆိုးနဲ့နော်...'

'ဟင့်..ဒါဆိုမင်းကကျုပ်ကိုဘဲချစ်တာပေါ့နော်....'

'ဟုတ်တာပေါ့အသဲလေးရယ်....'

'အွန်း...'

'ဟော..အွန်းဆိုတာဘာလဲ..?'

'အွန်း..ကျေနပ်တယ်..ဒါဘဲ....'

'ဟိုးတာ...နေပါဦးဝေးလေးကလဲ..?'

'မင်းဘာပြောမို့လဲမောင်..?'

'ဘာမှလျှောက်မလုပ်နဲ့နော်ဝေး...ဝေးကအရင်လိုတစ်ယောက်တည်းမဟုတ်တော့ဘူးနော်..ကြားလား...?တစ်ခုခုဆိုဝေးရောဗိုက်ထဲကကလေးလေးပါထိခိုက်မိမယ်...'

'အွန်း...'

'လမ်းကိုဖြည်းဖြည်းလျှောက်...ပြေးမသွားနဲ့..ဘာကြီးလိုလိုမိထားကိုခိုင်း..ကြားလားဝေး..?'

Love  or hateWhere stories live. Discover now