Chapter13(Unicode+Zawgyi)

214 10 15
                                    

'သား...မနက်စောစောစီးစီးခြင်းတောင်းကိုင်ပြီးဘယ်သွားမလို့လဲအဝေး..?'

'ဒီနားတင်ပါ....အိမ်မှာဟင်းချက်စရာကုန်နေတယ်ပြောတာနဲ့ဈေးထဲသွားဝယ်မို့.....'

'ဈေး..အမလေးလေး..မသွားရပါဘူးအဝေးရယ်..အရင်လိုမှအဝေးကမဟုတ်တော့ဘဲ....ခုကအစစအရာရာဂရုစိုက်ရမဲ့အချိန်မဟုတ်လား...?မိပု...ဟဲ့..မိပု..လာစမ်း...!!'

'ခုမှလနုသေးသောဘာမှမဖြစ်ပါဘူးအန်တီ..စိတ်ပူပေးလို့ကျေးဇူးပါ...ကျွန်တော်သွားတော့မယ်...'

'ဒါပေမဲ့......ကျစ်..ဒီကောင်မလေးမလာသေးဘူး...မိပုမရေ...ဟဲ့..ဒီကောင်မလေး..ဈေးကသူသွားရမှာကိုအဝေးကိုများသွားခိုင်းရတယ်လို့....ကျစ်'

'မခေါ်ပါနဲ့တော့အန်တီ....မိပုခြံနောက်ဖက်မှာအမှိုက်တွေရှင်းနေလို့.....ကျုပ်အဆင်ပြေပါတယ်..အရင်လဲဒီလိုသွားနေကြဘဲ...ပြန်လာခဲ့မှာမို့အဲ့လောက်စိတ်မပူလဲရပါတယ်အန်တီ...ခွင့်ပြုပါဦး...'

'အဝေး..သား..ဟဲ့....မိပုရေ!!!'

'ရှင်...မေမေကြီး...'

'မေမေကြီးကိုနောက်မှထား...ခုလာခဲ့စမ်း...!'

'ဟုတ်...ဟုတ်...လာပြီမေမေကြီး...'

'...........မိပု.....!!'

'ဟုတ်...'

'မြန်မြန်ကြွလာခဲ့,...တကတဲ...တော်တော်ပင့်ခေါ်ယူရတယ်......'

'ဟီး...မေမေကြီး...ပြောလေ...မိပုကိုဘာခိုင်းစရာရှိလို့လဲ?...'

'ဟိုမှာ..ဟိုကောင်လေးတစ် ယောက်တည်းစျေးဝယ်ထွက်သွားပြီ..မတော်ချော်ချက်ကျရင်ဗိုက်ထဲကငါ့မြေးလေးထိဦးမယ်...အဝေးဒီအချိန်မှာဘာမှဖြစ်လို့မရဘူးဆိုတာနင်နည်းနည်းလေးမှမတွေးမိဘူးလား....ဟင်....နင်သူ့ကိုအိမ်မှာဘာမှမရှိတော့ဘူးလို့ပြောလိုက်တာဆို....'

'ဟုတ်..ဟုတ်ပါတယ်...သူကဒီနေ့ဘာချက်မှာလဲမေးတာနဲ့မိပုလဲအဲ့အဲ့လိုဖြေလိုက်တာပါ...'

'ဂွက်....ကဲဟယ်....လျှာရှည်တဲ့ကောင်မ...'

'အ့...မေမေကြီး...နာ...နာတယ်'

'နာရင်ခံလိုက်..အဲ့တာနင့်ကြောင့်ဟိုကောင်လေးထွက်သွားတာ...နင်အသုံးမကျလို့...'

Love  or hateWhere stories live. Discover now