Chapter18(Unicode +Zawgyi)

175 6 0
                                    

'ဟဲလို....'

'ဟဲလိုလုပ်မနေနဲ့...မင်းအခုဘယ်မလဲ....?'

တဖက်ဖုန်းမှဟိန်းဟောက်သံအဆုံးမှာ အဝေးကိုယ်လေးတုန်တက်သွားတာတော့အမှန်ပင်...

'ကို...သူရ....'

'အေး....မင်းအမေရဲ့လင်ငါ..ငါ့ကိုမင်းမေ့ချင်ယောင်ဆောင်နေတာလား...?'

'မ...မဟုတ်ပါဘူး....'

'မဟုတ်ဘူးဆိုမင်းဒီကြားထဲငါဖုန်းဆက်နေတာဘာလို့မကိုင်တာလဲ...?မင်းတို့ဂေဟာတစ်ခုလုံးတစ်ယောက်တလေတောင်ဖုန်းမကိုင်နိုင်ရအောင်ဘယ်နားသွားသေနေလဲ....?'

'ကိုသူရ....ခင်ဗျားစကားကိုအဲ့လိုမပြောပါနဲ့.....'

'ငါကအမှန်ကိုအမှန်ဘဲပြောတာဘဲလေ...အဲ့ကလူတွေအကုန်သေပြီမဟုတ်ဘူးလား...!!'

'ကိုသူရ...ခင်ဗျား...!'

'ဘာလဲ....?မင်းကငါ့ကိုလာဒေါသထွက်နေတာလား....?!!မင်းစောက်ချိုးကိုပြင်လိုက်နော်....'

'တော်ပြီ...တော်ပြီ...ကျုပ်ခင်ဗျားနဲ့ဆက်စကားမများချင်ဘူး.....'

'ဒါဆိုလဲရတယ်လေ....ငါ့ကို..အဟင်း..ပိုက်ဆံလွှဲပေးလိုက်...ငါမင်းကိုမနှောက်ယှက်တော့ဘူး...'

'လွှဲတာကလွှဲပေးလို့ရပါတယ်....ခဏနေကြရင်ခင်ဗျားဖုန်းထဲသုံးသောင်းလွှဲပေးလိုက်မယ်....'

'ဘာ!!သုံးသောင်း....ဟုတ်လား...အဲ့စောက်ပိုက်ဆံနဲ့ငါကဘာလုပ်စားရမှာလဲ....ငါ့ကိုသူတောင်းစားလိုလာဆက်ဆံနေတာလား...?'

'အဲ့တာကခုကအဲ့လောက်ဘဲကျုပ်စီမှာရှိတယ်....ပြီးတော့...'

'အိုး. . မယုံနိုင်စရာဘဲ.....မသိဘူး....ငါ2သိန်းလိုချင်တယ်....'

'2သိန်း....ကျုပ်မှာအဲ့လောက်ရှိမနေဘူးကိုသူရ....'

'မသိဘူး...မင်းမပေးရင်ငါမင်းစီလာရလိမ့်မယ်ထင်တယ်...'

'.........'

'ဟက်...ဘာလို့ဘာမှမပြောတော့တာလဲ..?မင်းနေတဲ့နေရာတကယ်ဘဲဘယ်မှာလဲဆိုတာမသိရလောက်အောင်ငါ့ကိုလူအ များထင်နေလားဝေးလေပြေ.....'

'ဗျာ.....'

'နောက်နှစ်နာရီအတွင်းငါမင်းစီရောက်အောင်လာမယ်...မင်းဆက်ဆက်စောင့်နေ.....အေး..ငါလာလို့မှမင်းမရှိရင်မင်းကောင်ကိုငါဘာလုပ်မလဲဆိုတာမင်းတွေးကြည့်လိုက်.......'

Love  or hateWhere stories live. Discover now