Chapter31(Unicode+Zawgyi)

224 6 2
                                    

"မိတ္ထီလာကံဝယ်...ဖားကောက်ခဲ့ပါ့မယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်....
မိုးစောစောချုပ်လို့အိပ်ပါကွယ်သားငယ်လေးရယ်....အိပ်ပါတော့ကွယ်..ကြောင်ကြီးကိုက်လိမ့်မယ်...အိပ်ရာကနိုးရင်...ဖေကြီးစီသွားကြမယ်..
မျက်စိမှိတ်ထားကွယ်....
ဖေကြီးစီသွားဖို့အိပ်ပါကွယ်....."

ကလေးရုပ်လေးတစ်ရုပ်ကိုလက်ကပွေ့ပိုက်ရင်းအခန်းတွင်းဝယ်တောင်နဲ့မြောက်ကိုမရပ်မနားလမ်းလျှောက်လိုက်သီချင်းဆိုလိုက်လက်ထဲကအရုပ်ကလေးကိုကြည့်ကာမ​လိုက်နဲ့အလုပ်ရှုပ်နေတဲ့ဖြူဥဥကောင်ငယ်လေးကိုကြည့်ပြီးအခန်းပြင်ဘက်မှာတိတ်တဆိတ်ငိုကြွေးနေတဲ့သူနှစ်ဦးလဲရှိတာပေါ့.....

မေမြင့်ကပထမကသခင်လေးကိုထမင်းလာပို့တာဖြစ်ပေမဲ့သူမခုတော့သူယူလာတဲ့ထမင်းပန်းကန်လေးကိုကျွန်တော့်လက်ထဲထည့်ပြီးတရှုံ့ရှုံ့ငိုကာပြေးထွက်သွားတော့သည်....

မျက်ရည်တွေဝဲနေပေမဲ့ကျွန်တော်လဲအတတ်နိုင်ဆုံးစိတ်ထိန်းကာလက်တစ်ဖက်နဲ့ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်ဖယ်မိသည်....

'ဒေါက်...ဒေါက်....သခင်လေး'

'ရှူး......သားအိပ်နေလို့....ရှူး...'

လက်ထဲကအရုပ်လေးကိုမချဘဲကျွန်တော့်ကိုတိတ်တိတ်ကလေးနေဖို့ပြောတဲ့သခင်လေးကိုကြည့်ပြီးကျွန်တော်စိတ်မကောင်းလိုက်တာဗျာ.....

သို့ပေမဲ့အတတ်နိုင်ဆုံးငိုသံမပါအောင်အသံကိုထိန်းကာသခင်လေးအားထမင်းစားဖို့ချော့ခေါ်ရသည်.....

'သခင်လေး.....'

'ဟင်......'

'သားကအိပ်သွားပြီမလား...?ကုတင်ပေါ်ချသိပ်လိုက်လေနော်....သခင်လေးကညစာလေးစားရဦးမယ်လေ...'

'ဟွန်း....မစားချင်သေးဘူး....'

'မစားလို့ဘယ်ရမလဲသခင်လေးရဲ့...သခင်လေးကမစားရင်နေမကောင်းဖြစ်ပြီးအိပ်ယာထဲလဲတော့သားကိုဘယ်သူကြည့်မှာလဲ...?သခင်လေးကသားလေးကိုပြစ်ထားမလို့လား
..?'

'ဟင့်အင်း....ကျုပ်ကကျုပ်သားလေးကိုသိပ်ချစ်တာကို....လုပ်စရာလား...'

'ဒါဆိုရင်လဲသခင်လေးကနေကောင်းပြီးသားနဲ့ဆော့လို့ရအောင်အားရှိအောင်ထမင်းစားရမယ်နော်...ဟုတ်လား...'

Love  or hateWhere stories live. Discover now