Chapter10(Unicode+Zawgyi)

240 12 5
                                    

'ရောက်ပြီ...ဆင်းတော့...'

'ဗျာ....'

'ကျစ်...နေဦး...'ဟုဆိုကာမောင်ကအဝေးမျက်လုံးထက်စည်းနှောင်ထားသောအဝတ်စကိုဖယ်ပေးတော့သည်.....

မျက်လုံးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာကတစ်ထပ်တိုက်ပုလေး....

'မောင်...ဒီနေရာက....'

'မင်းနေရမဲ့နေရာဘဲအဝေး....'

'ဟင်...'

'မင်းဒီမှာဘဲနေရမယ်....ဒီအိမ်ထဲဘယ်သူမှခြေချခွင့်မရှိဘူး...မင်းနဲ့ငါကလွဲလို့....'

'မောင်....မောင်ဘာကိုဆိုလိုတာလဲ...?'

'ခုကားပေါ်ကသာဆင်းအဝေး....'

မောင်ပြောသလိုဘဲကားပေါ်ကနေဆင်းပေးလိုက်တော့အဝေးလက်ထဲကိုမောင်ကတစ်စုံတစ်ခုကိုလာထည့်သတဲ့....

'မောင်...ဒီသော့က...'

'ဒီအိမ်ရဲ့သော့ဘဲ...မင်းအိမ်ကိုသွားဖွင့်ပေးမလား....?'

ဘာမှနားမလည်တော့သည့်အဆုံးမောင်ခိုင်းတာသာလုပ်ပေးဖို့အဝေးဆုံးဖြတ်လိုက်သည်....

မောင်ပြောတဲ့အတိုင်းခတ်ထားတဲ့အိမ်တံခါးကိုဖွင့်ပေးလိုက်တော့မောင်ကအဝေးလက်ထဲကသော့ကိုပြောင်းယူရင်းအဝေးကိုအိမ်ထဲတွန်းပို့လိုက်တော့သည်..နောက်တော့မောင်ကအပြင်ကနေသော့ပြန်ခတ်ြပန်သည်

အဝေးမှာတော့သော့ခတ်ထားတဲ့သံဗန်းလေးကိုင်ရင်းနဲ့မောင့်ကိုနားမလည်သလိုကြည့်ရှာတော့သည်

'မောင်...ဒါဘာလုပ်တာလဲ..?အဝေးကိုဘာလို့ခုလိုသော့ခတ်ထားရတာလဲ...?'

'မင်းဒီနေ့လုပ်ထားတဲ့အပြစ်မင်းသိပါတယ်နော်အဝေး....မင်း..မင်းကွာ....ဘာလို့များ....တောက်!!'

'ကျုပ်...ကျုပ်အဲ့ကိစ္စဘာမှမသိရပါဘူးမောင်ရယ်.....'

'ဘာကိုမသိရမှာလဲ...ဟင်...မင်းအပေါ်မှာဟိုကောင်တက်လုပ်နေတာလေ..ပြီတော့မင်းကိုယ်ပေါ်ကကိုက်ရာတွေကရော....'

'မဟုတ်ဘူးမောင်...'

'တော်တော့အဝေး....ငါအဲ့အကြောင်းထပ်မတွေးချင်တော့ဘူး....မင်းကတော့မင်းအပြစ်နဲ့မင်းမို့ဒီအိမ်ထဲမှာသာနေ....မင်းဒီအိမ်ထဲကနေဘယ်မှထွက်သွားစရာမလိုဘူး....မင်းအတွက်အစားအသောက်ကအစငါကိုယ်တိုင်လာပို့မယ်.....'

Love  or hateWhere stories live. Discover now