Description

36.2K 1.7K 115
                                    

『Unicode』

Hyperthymesia...
ဤရောဂါအခြေအနေရှိသည့်သူများက အရေးပါအရာရောက်သော ကမ္ဘာကြီး၏ အပြောင်းအလဲကဲ့သို့ ကိစ္စများမှစ၍....သေးငယ်သော တဒင်္ဂအတွေးများကဲ့သို့ အရေးမပါသော ကိစ္စများအထိ...နေ့စဥ်ဘဝရဲ့ အသေးစိတ်အချက်အလက်အားလုံးကို မှတ်မိနိုင်ကြသည် ။ သူတို့က မေ့ပျောက်နိုင်စွမ်းမရှိကြဘဲ သူတို့ရဲ့ အသိပညာဗဟုသုတတွေအတွက် ဆာလောင်မှုက သူတို့ကို ဉာဏ်ကြီးရှင်လို့ ထင်မိစေ၏ ။

​အများပြောကြသည်ကတော့ ကျစ်ယွီရှီက ဒီလို ဉာဏ်ကြီးရှင်မျိုးပါတဲ့ ။

အပိုထပ်ဆောင်းပြောရရင် သူက ဂေးတစ်ယောက်ဖြစ်ပြီး အင်မတန် လှပသည်ဟုလည်း ဆိုကြသေး၏ ။

ထျန်းချုံရဲ့ တပ်ဖွဲ့ ၇ ကို သူ သွားပြီး ကူညီပေးမည်ဟု သတင်းထွက်လာသည်နှင့် လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည် ။

တပ်ဖွဲ့ ၇ ၏ ခေါင်းဆောင် စုန့်ချင်းလန်က လူမိုက်ဖြစ်ပြီး အလွန့်အလွန် ဂေးမုန်းတီးသူ တစ်ယောက်ဖြစ်ကြောင်းကို လူတိုင်း သိကြ၏ ။

သူက နှစ်နှစ်မပြည့်ခင်အချိန်အတွင်းမှာပဲ သူရဲ့အလွန် အားပြင်းသည့် စွမ်းရည်ကိုသာ အသုံးချပြီး စစ်မြေပြင်မှာ မြင်းနက်တစ်ကောင်ဖြစ်လာရုံသာမက ၊ အထက်က သူ့တပ်ဖွဲ့ထဲကို *အလှပန်းအိုးတစ်လုံး ထည့်ပေးလာတော့လည်း သူမုန်းသေး၏ ။

『*အလှပန်းအိုး-အမြင်သာလှပြီး အသုံးမဝင်သူ』

အသေအချာကိုပဲ စုန့်ချင်းလန်က အားလုံးရဲ့ရှေ့မှာ ကြေညာလိုက်၏ ။ " အသုံးကျတယ် ? ငါတို့ညီအစ်ကိုတွေက အရိုး​ထိအောင် အလုပ်သွားလုပ်မှာ ၊ ကွမ်တမ်လှိုင်းတွေကို အမြန်ဖတ်တတ်ရုံလေးပဲ လုပ်နိုင်တဲ့ ဉာဏ်ကြီးရှင်လောက်လေးကို မလိုဘူး!"

ထို့နောက်တွင်တော့ ။

တပ်ဖွဲ့သည် မစ်ရှင်ထမ်းဆောင်နေရင်း ဆိုးရွားသော ကြောက်မက်ဖွယ်အခြေအနေကို ကြုံတွေ့လိုက်ရ၏ ။

ထိုလှပသည့် ဉာဏ်ကြီးရှင်လေးကတော့ သေနတ်ပစ်ချက်တိုင်းက ပစ်မှတ်ကို ထိကာ သူ့ရဲ့ အကောင်းဆုံးတိုက်ခိုက်နိုင်စွမ်း အခြေအနေဖြင့် ရှေ့ဆက်သွားသည်မှာ တည်ငြိမ်စွာပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now