အပိုင်း(၁၈)

6.4K 1.1K 191
                                    

『Unicode』

《ပြန်ပြီးအထိနာလိမ့်မယ် ၊ သူတွေးလိုက်၏》

"အဲ့တာဘာလဲ?"

ထုတ်ပိုးမှုမှာ အလွန်အကျွံချဲ့ကားထားပြီး တုတ်ချောင်းကဲ့သို့ ပစ္စည်းတစ်ခုဖြစ်သည် ။

စုန့်ချင်းလန် စစ်ဆေးရန် လက်လှမ်းအံ့ဆဲဆဲမှာပင် ကျစ်ယွီရှီက ထိုအရာကို အရင်ဆွဲယူကာ အမှောင်ထဲသို့ လွှင့်ပစ်လိုက်သည် ။

စုန့်ချင်းလန်က မေးရန် သူ့ခေါင်းကို ငုံ့လိုက်သည် ။

သို့သော် သူသည် တစ်ဖက်လူ၏ပါးပြင်တွင် အနီရောင်အလွှားပါးလေးတစ်ထပ် ဖြည်းဖြည်းချင်း ပေါ်လာသည်ကို မြင်လိုက်ရ၏ ။ ထိုမှအပူငွေ့သည် ဖျော့တော့သော အရေပြားမှတစ်ဆင့် ထုတ်လွှတ်နေ၏ ။

ကျစ်ယွီရှီအတွက် ထိုကဲ့သို့သော အမူအရာကိုပြသလာသည်မှာ ရှားပါးသည် ။ သူသည် သေချာပေါက် ရှက်ရွံ့နေသည့်ပုံပင် ။ သို့သော် သူ့မျက်လုံးများသည်တော့ ကြည်လင်နေဆဲဖြစ်ကာ သူ့အသံမှာ တည်ငြိမ်နေ၏ ။ "ခေါင်းဆောင်စုန့်..ခင်ဗျားဝင်လာတုန်းက ဒါကဘာလဲဆိုတာ သတိထားမိလား?"

သူအလျင်လိုနေခဲ့သဖြင့် သဘာဝကျကျပင် သူပထမဆုံးတွေ့ခဲ့သည့် နေရာ၌သာ ပုန်းရန် ပြေးလွှားလာခဲ့သည် ။

အမှန်တကယ်ပင် စုန့်ချင်းလန်သည် ဤအစိမ်းရောင်စျေးရုံအသေးစားက ဘာလဲဆိုတာ အာရုံစိုက်ရန် အားအင်မရှိသလို အချိန်လည်းမရှိခဲ့ ။ ကျစ်ယွီရှီအတွက်မူ ကွဲပြားသည် ။ သူ ကြည့်ရှုရန် အားစိုက်မထုတ်ခဲ့လျှင်တောင် သဲသဲကွဲကွဲ မှတ်မိနေလေ၏ ။

ကျစ်ယွီရှီဆီက အသိပေးခံရသည့်အချိန်မှသာ စုန့်ချင်းလန် နားလည်သွားသည် ။ ဒါဆို အဲ့ဒီအရာက.......ဖြစ်နေသည်က ဤသည်မှာ အနာဂတ်ကမ္ဘာမှ လူကြီးပစ္စည်းရောင်းသည့် ကိုယ်တိုင်ယူစျေးရုံအသေးစားပင် ။

ကျစ်ယွီရှီ၏တုံ့ပြန်မှုမှာ အလွန်စိတ်ဝင်စားစရာကောင်းပေ၏ ။

စုန့်ချင်းလန်သည် အဖွဲ့ထဲတွင် စနောက်လှောင်ပြောင်လေ့ရှိပြီး ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် သူကစနောက်ကာ "မင်းမှာ မရှိတာလဲ မဟုတ်ဘဲနဲ့ ၊ ဘာလို့ အဲ့တာကို ကြည့်ဖို့ ကြောက်နေတာလဲ? အခြားတစ်ဝက်အတွက် အစားထိုးဆိုမှတော့ မိန်းမတွေအတွက်ပဲဖြစ်မှာပေါ့ "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now