အပိုင်း(၃၆)

4.7K 921 136
                                    

『Unicode』

《ပူနွေးနွေး》

မကျေနပ်ချက်တွေကိုပဲ မှတ်မိနေတာမဟုတ်ပေ ။ ထိုသို့ဆိုလျှင် ကောင်းသည့်အရာများကိုလည်း မှတ်မိနေခဲ့သည် ။

အတိုကောက်ပြောရလျှင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျစ်ယွီရှီက အကုန်လုံးကို မှတ်မိသည် ။

"ဒါဆိုလဲ ဒါအတွက်ကျေးဇူးပဲ " စုန့်ချင်းလန်က နောက်ပြောင်လိုက်ကာ သူ၏လက်သေးသေးလေးကို ကျစ်ယွီရှီလက်ဖဝါးထဲသို့ ပြန်ထည့်လိုက်သည် ။ "သွားရအောင်"

ကျစ်ယွီရှီ၏လက်ချောင်းများက ရှည်လျားသွယ်လျပြီး လက်အပူချိန်မှာ အနည်းငယ် အေးစက်နေခဲ့သည် ။

တခြားသူများကို သူပေးစွမ်းနေသည့် ခံစားချက်ကဲ့သို့ပင် : အနည်းငယ် အေးစက်ကာ နွေးထွေးရန်ခက်ခဲပုံပေါ်သည် ။

သို့သော် သူ့အ‌ကြောင်းသိလာသည်နှင့် ကျစ်ယွီရှီသည် တောတောင်များပေါ်တွင် ရှာတွေ့နိုင်သော ကြည်လင်သည့်စိမ့်စမ်းရေကဲ့သို့ လူစားမျိုးပင် : ရှင်းသန့်ကာ ဖောက်ထွင်းမြင်ရန်လွယ်ကူပြီး လက်တွေ့တွင်တော့ အတော်ကို ပေါင်းသင်းရလွယ်လေသည် ။

နှစ်ယောက်သားသည် အပင်များစု‌ဆောင်းရန်သွားစဥ်မှ ထင်ကျန်ခဲ့သော တွန်းလှည်းရာအတိုင်း ဆက်လျှောက်လိုက်ကြသည် ။

ဒီတစ်ကြိမ်တွင်တော့ ကျစ်ယွီရှီ၏နှုန်းမှာ ပို၍ပင် နှေးသွားကာ မူမမှန်သော သံလိုက်စက်ကွင်းနှင့် မြေဆွဲအားတို့ကြောင့် ခြေလှမ်းတစ်လှမ်းစီတိုင်းက ပိုမိုလေးလံလာသည်ဟု ခံစားနေရသည် ။

သိပ်မကြာခင်၌ ကျစ်ယွီရှီသည် သူ့လက်ထဲရှိ ကလေးလက်မှာ ချွေးများရွှဲလာသည်ကို ခံစားလိုက်ရ၏ ။

စုန့်ချင်းလန် လမ်းလျှောက်ရာ၌ အခက်အခဲဖြစ်နေသည်ကိုလည်း သူပြောနိုင်နေသည်--ကလေးတစ်ယောက်၏ ကိုယ်လက်ကြံ့ခိုင်မှုမှာ အရွယ်ရောက်ပြီးလူကြီးတစ်ယောက်နှင့်ယှဉ်လျှင် အတော်ကို ကန့်သတ်နေပြီး သူဒီအချက်ကို ကျော်တွက်မိခဲ့သည် ။

သူသည် ခေါင်းငုံ့ကာ မေးလိုက်၏ ။ "ခေါင်းဆောင်စုန့်..ကျွန်တော်ချီသွားရမလား?"

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now