အပိုင်း(၅၄)

4K 861 42
                                    

『Unicode』

နောက်ထပ်ငါ

သူတို့ခွဲခွာခဲ့စဉ်က သိပ်မကြာခင်တွင် ပြန်အဖွဲ့ဆုံကြလိမ့်မည်ဟု မတွေးခဲ့သလို တကယ့်ကမ္ဘာအစစ် မဟုတ်ဟုပင် မတွေးခဲ့ကြချေ ။

တပ်ဖွဲ့၇မှ လူ၅ယောက်မှာ အတူတကွ ပြန်လည်ဆုံစည်းကြပြီဖြစ်သည် ။ သွမ့်ဝမ်နှင့် ကျိုးမင်ရွှမ်းသာ ပျောက်နေခဲ့သည် ။

သွမ့်ဝမ်သည် သူတို့ထက် ခြေတစ်လှမ်းဦးကာ ဘိုးဘွားရိပ်သာသို့ ရောက်နှင့်ပြီးဖြစ်သည် ။ စုန့်ချင်းလန် မေးလိုက်၏ ။ "လောင်ကျိုးရော ဘယ်မှာလဲ ?"

ငါးယောက်သားသည် ဘိုးဘွားရိပ်သာသို့ အလျင်အမြန်သွားလိုက်ကြသည် ။

ခွဲခွာခြင်း၏ ၆ဒီဂရီ ဖြစ်ဖြစ် ၊ သူတို့ရဲ့ 'စောင့်ကြည့်‌နေမှု'၏ရလဒ်ဖြစ်သည့် အနှောင့်အယှက်များဖြစ်ဖြစ် သူတို့သည် မျက်နှာအတုများ တပ်လိုက်သည်နှင့် ဤကမ္ဘာကြီး၏ အသိစိတ်မှ ချက်ချင်းအဆက်အသွယ် ပြတ်တောက်သွားပုံရသည် ။

လမ်းမ‌ပေါ်ရှိ အခြားလူများအားလုံး ကသုတ်ကရိုက်ပြေးလွှားနေကြသဖြင့် သူတို့၏ အလျင်လိုနေသော ခြေလှမ်းများကို မည်သူတစ်ဦးတစ်ယောက်ကမျှ အာရုံမစိုက်ခဲ့ပေ ။

စုန့်ချင်းလန်၏ မေးခွန်းနှင့်အတူ ကျန်သုံးယောက်မှာ တိတ်ဆိတ်သွားကြလေ၏ ။

တစ်စုံတစ်ခုက မူမမှန်ကြောင်း ကျစ်ယွီရှီ ခံစားမိနေသည် ။

"ဘာလဲ ? " စုန့်ချင်းလန်၏ လေသံမှာ အနည်းငယ် ပို၍လေးနက်သွားခဲ့သည် ။

ကျိုးမင်ရွှမ်းအကြောင်းကို အဖွဲ့ထဲက မည်သူကမျှ စုန့်ချင်းလန်လောက် သိမည်မဟုတ် ။ သူတို့သည် အတူတကွ စစ်တပ်ထဲ ဝင်ခဲ့ကြပြီး အထူးတပ်ဖွဲ့ဝင်များ အတူတူဖြစ်လာခဲ့ကာ စောင့်ရှောက်သူလည်း အတူတကွ ဖြစ်လာခဲ့ခြင်းပင် ။ ကျိုးမင်ရွှမ်းက အမြဲလိုလို ရွှတ်နောက်နောက်နေရသည်ကိုသာ နှစ်သက်သည့်တိုင် သွမ့်ဝမ်ပြီးလျှင် အကျိုးအကြောင်းရလဒ်များကို အကောင်းဆုံးသိမြင်နိုင်သူဖြစ်သည် ။

ခြေလှမ်းခပ်ကျယ်ကျယ်လှမ်းလျက် သူတို့သည် မြောက်မြားစွာသော လူအရိပ်များကို ဖြတ်လျှောက်လာခဲ့ကြသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now