အပိုင်း(၈)

6K 1.1K 24
                                    

『Unicode』

သေရေးရှင်ရေး

ကျစ်ယွီရှီက ဆက်သွယ်ရေးစက်မှ ဗီဒီယိုကို ဖွင့်ပြလိုက်သောအခါ အကုန်လုံး တုန်လှုပ်သွားကြသည် ။

ဗီဒီယိုထဲရှိ ယောက်ျားမှာလည်း ခုနကမြင်ခဲ့သော ရုံးဝန်ထမ်းနှင့် အလေအလွင့်ကဲ့သို့ပင် ​လက္ခဏာပြောင်းလဲခြင်းများ ရှိနေသည်-- သူ့မျက်လုံးများမှာ မီးခိုးရောင်ဖြစ်ကာ နောက်ကျိနေပြီး အသားအရည်တွင်လည်း ထင်ရှားသော စိမ်းပြာရောင် သွေးကြောများဖြင့် ဖုံးလွှမ်းလျက် သူ၏ဇနီးသည်အား တစ်စစီ ကိုက်ဖြဲပစ်ရန် အော်ဟစ်နေ၏ ။

"ဗီဒီယိုက လွန်ခဲ့တဲ့တစ်လက ရိုက်ထားတာ "

အံ့သြထိတ်လန့်သွားသော အခြားသူများနှင့် ကွဲပြားစွာ ကျစ်ယွီရှီအသံမှာတော့ တည်ငြိမ်နေသည် ။

သူသည် အင်မတန်ရဲရင့်ကာ ရင့်ကျက်နေပုံပေါ်ပြီး ခုနလေးတင်မှ ရေဘူးအဖုံး မဖွင့်နိုင်သောလူမှာ သူမဟုတ်သည့်အတိုင်းပင် ။

"ဖုတ်ကောင်တွေ!!"

"ဒါသာ တကယ့်ဖုတ်ကောင်ဆိုရင် ဘယ်နှကောင်လောက်တောင် ရှိနေတာလဲ ?! "

"ဖာ့ခ် ၊ဒီမှာ ဒီလောက်ထူးဆန်းနေတာ မဆန်းတော့ဘူး ! "

"ဒါက လွန်ခဲ့တဲ့တစ်လက ဗီဒီယိုလေ ! "

ရင်းနှီးကျွမ်းဝင်နေသော အာမေဍိတ်သံများမှာ ရုံးခန်းအတွင်း ထွက်ပေါ်လာခဲ့သည် ။

အဖွဲ့သားများ ဆွေးနွေးတိုင်ပင်နေကြချိန်တွင် ကျစ်ယွီရှီမှာ တိတ်ဆိတ်စွာဖြင့် နောက်ထပ် ရေတစ်ငုံကိုသာ သောက်လိုက်၏ ။ ထိုအခါမှသာ အင်အားမဲ့ခြင်း၏ ဆိုးရွားသောခံစားချက်က မှေးမှိန်သွားလေသည် ။ သူက ခပ်ဖြည်းဖြည်းဖြင့် " ဆက်သွယ်ရေးစက်က အင်တာနက်မရှိဘူး ။ ဒါပေမဲ့ အခုတင် စာတစ်စောင်ရောက်လာတယ် ။ ကျွန်တော်တို့ဆီ ပို့တာဖြစ်လောက်တယ် "ဟု ဆိုလိုက်၏ ။

"သေသွားတဲ့လူရဲ့ ဆက်သွယ်ရေးစက်ဆီ ပို့လိုက်ပြီး စာကျတော့ ကျွန်တော်တို့အတွက်တဲ့လား ? "

"ဟုတ်တယ် "

"ဖွင့်ကြည့်လိုက်"

စုန့်ချင်းလန်ကပြောသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now