အပိုင်း(၇၄)ငါတို့ရဲ့လက်တွေ့

4.3K 854 6
                                    

『Unicode』

ငါတို့ရဲ့လက်တွေ့
《ချောကလက်၏မွှေးရနံ့

ခွဲခွာခြင်းက မျှော်မှန်းထားသည်ထက်ပို၍ အတော်လေး မြန်ဆန်နေခဲ့သည် ။ ဤအချိန်နှင့်အာကာသ အနုကြမ်းစီးမှုဖြစ်ရပ်က ယခုလို အဆုံးသတ်သွားလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ ။

ပြန်သွားမည့်အဖွဲ့သားများ သူတို့၏ အာကာသယာဉ်ထဲတွင် ဝင်ထိုင်လိုက်သည်နှင့် တစ်ယောက်ချင်းစီတိုင်းက စိတ်ထဲ မတင်မကျဖြစ်မှုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည် --ဤသည်က သူတို့ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ခြင်းမှ ရရှိလာသောအရာဖြစ်သည့်တိုင် အကြောင်းပြချက်တစ်ချို့ကြောင့် တအားလွယ်လင့်တကူ ရောက်လာသည်ဟု ခံစားနေရ၏ ။ သူတို့အိမ်ပြန်နိုင်တော့မည်ဟု ထင်သောအချိန်တိုင်းတွင် ပို၍ပင် ခက်ခဲသော အခြေအနေများသို့ ပို့ဆောင်ခံလိုက်ရမှန်း သိပြီးဖြစ်သည် ။

အထူးသဖြင့် လက်တွေ့နှင့်စိတ်ကူးယဉ်အကြား ခွဲခြားရန် ခဲယဉ်းလှသော ပူဖောင်းကမ္ဘာပင်.....ဒီ 'ခေတ်တိုင်းရဲ့ထျန်းချုံ 'က သူတို့လိုချင်တာကို ဒီလောက်လွယ်လွယ်လေးနဲ့ တကယ်ပေးတော့မလို့လား ?

တပ်ဖွဲ့ ၇က ဤသို့ မကွဲကွာ‌သင့်ပေ ။ သူတို့လိုချင်ခဲ့သည်မှာ ယခုလိုပြန်သွားဖို့မဟုတ်ဘဲ ၇ယောက်လုံးပါဝင်‌သော အဖွဲ့အနေဖြင့် ပြန်သွားလိုခြင်းသာ ။

သို့သော် စုန့်ချင်းလန် မှန်ပေ၏ ။ သူသည် ခေါင်းဆောင်ဖြစ်ပြီး သူ့တွင် အကုန်လုံးကို အမိန့်ပေးရန် အရည်အချင်းရော ၊ အာဏာပါရှိသည် ။ လူတိုင်းတွင် သူတို့လုပ်ချင်သည့်အရာများရှိကြသည် ။ သူတို့ ပြန်ရောက်ပြီး တင်ပြချက်ကို စောစောပြီးနိုင်ခဲ့လျှင် သူတို့၏မိသားစုများ ၊ ချစ်ရသူများနှင့် ပို၍မြန်မြန်ပြန်ဆုံဆည်းနိုင်ပြီး သူတို့၏ဆန္ဒများကိုလည်း ပိုစောစောနားလည်နိုင်လိမ့်မည် ။

ကျစ်ယွီရှီသည် သူ့ထိုင်ခုံခါးပတ်ကို ပတ်ပြီးဖြစ်၏ ။ သို့်သည့်တိုင် သူသည် နောက်စက္ကန့်ပိုင်းအတွင်း ခါးပတ်ကို ပြန်ဖြုတ်တော့မည့်အလား သူ့လက်များက ခါးပတ်ခေါင်းပေါ်တွင် တည်ရှိနေဆဲ ။ ထိုနေရာတွင် သူတစ်ယောက်သာ ရှိနေသည့်အတွက် သူ့ခံစားချက်များကို ဖုံးကွယ်ရန် မလိုအပ်ပါပေ ။ စိတ်ရှုပ်ထွေးမှုနှင့် တွေဝေတုန့်ဆိုင်းမှုများက သူ့မျက်နှာတစ်ခုလုံးတွင် အထင်းသားပေါ်နေခဲ့သည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now