အပိုင်း(၂၉)

5.4K 932 37
                                    

『Unicode』

《မိုးသစ်တော》

လမ်းသည် ပို၍ ပို၍ မှောင်မိုက်လာသည် ။

တဖြည်းဖြည်းနှင့် ပန်းများ၏ တောက်ပနေသော အလင်းရောင်နှင့်တောင် ဘေးဘက်ရှိ ပြန့်ကျဲနေသည့် စက်ပစ္စည်းများကို မမြင်ရတော့ချေ ။

ဤအမှောင်ထုကိုဖြတ်သန်း၍ နှစ်ယောက်သား လမ်းလျှောက်လာကြသည် ။ သူတို့လက်ထဲရှိရှန်မြန်နှင့် ခူးခဲ့သော ပန်းများထံမှ အလင်းရောင်ဖြင့်သာ တစ်ဖက်လူ၏ တည်ရှိနေမှုကို ခံစားသိရှိနေနိုင်သည် ။

ယခုကဲ့သို့ အဆုံးမရှိ ရှည်လျားနေသော အမှောင်ထုမျိုးထဲတွင် လူသားတို့အား သူတို့အသက်ရှင်နေသေးလားဟု လွယ်လင့်တကူပင် တွေးမိစေ၏ ။

အခြားသက်ရှိများ၏ အရိပ်အယောင်ပင်မရှိဘဲ ဘက်ပေါင်းစုံတွင်လည်း မှတ်သားစရာတစ်ခုတစ်လေမျှ မရှိပေ ။ ဤသည်မှာ ကမ္ဘာပေါ်၌ သူတို့နှစ်ဦးသာ ကျန်ရှိနေသည့်အတိုင်း ။

တစ်နာရီလောက် လမ်းလျှောက်ပြီးသည့်နောက် သူတို့သည် အမှောင်ထုထဲတွင် ရှိနေဆဲဖြစ်သော်လည်း နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည့် စက္ကန့်ပိုင်းအတွင်း တောက်ပသည့်အလင်းစူးစူးကသူတို့မျက်လုံးထဲ ရုတ်တရက် ဝင်ရောက်လာလေသည် ။

ထိုခြေလှမ်းနှင့်အတူ သူတို့သည် အခြားကမ္ဘာတစ်ခုသို့ ရုတ်တရက် ဝင်ရောက်မိသည့်အလား ။

မျက်စိကျိန်းစရာ အလင်းရောင်က သူတို့နှစ်ယောက်ကို မျက်လုံးများ ပိတ်ကာမိစေ၏ ။ တောက်ပမှုနှင့် အသားကျသွားပြီးသည့်နောက်တွင်တော့ သူတို့ရှေ့မှောက်ရှိ မြင်ကွင်းက နှစ်ယောက်သားအား မှင်သက်သွားစေသည် ။

သူတို့သည် အပူပိုင်းမိုးသစ်တောထဲသို့ ဝင်ရောက်လာခဲ့သည်ပင် ။

မြက်စိမ်းများ ၊ မြေကြီးနှင့် ရေတို့၏ လတ်ဆတ်သောရနံ့က သူတို့၏ နှာခေါင်းမှ အဆုတ်ထိ ပျံ့နှံ့လာ၏ ။

သူတို့၏ မြင်ကွင်းတစ်ခုလုံးက သိပ်သည်းသော သဘာဝပေါက်ပင်များဖြင့် ပြည့်နှက်နေသည် ။ ရေကန်ထဲ၌ မီတာဆယ်ချီမြင့်သော သစ်ပင်များ ပေါက်ရောက်နေလျက် အမြစ်များမှာ ရှုပ်ထွေးပွေလီစွာဖြင့် ကြီးမားသည့် သွေးကြောကွန်ရက်တစ်ခုကဲ့သို့ ဖြာထွက်နေကြသည် ။ ထိုအရာအားလုံးကို ရေမျက်နှာပြင်မှ ရှင်းရှင်းလင်းလင်းမြင်နေရသည် ။ ရေထဲတွင် ငါးတစ်ကောင်မျှမရှိသလို အခြားသော သေးငယ်သည့် ပိုးမွှားများ၏ အရိပ်အယောင်လည်း ရှိမနေပေ ။ ရေက မယုံနိုင်စရာကောင်းလောက်အောင်  ကြည်လင်နေသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now