အပိုင်း(၇၀)

3.9K 872 44
                                    

『Unicode』

《ပရီမီယံအပန်းဖြေခရီးလက်မှတ်》

"အဖြောင့်?" လင်ရှင်းလန်က အနည်းငယ် အံ့အားသင့်သွားခဲ့သည် ။ သူသည် ချက်ချင်းပင် မှတ်ချက်ပေးလာ၏ ။ "ဒါက တကယ်ကြီး ခက်ခဲတာပဲ ။ ကျွန်တော်သာဆို ဖြောင့်နေတဲ့ ယောက်ျားကို ဘယ်တော့မှ ထိမှာမဟုတ်ဘူး "

ကျစ်ယွီရှီ : "......."

ခေါင်းဆောင်လင်တစ်ယောက် သူ့ကိုယ်သူ အတော်လေး အထင်အမြင်မှားနေခဲ့ပုံပင် ။

လင်ရှင်းလန်သည် လိင်စိတ်တိမ်း‌ညွှတ်မှုခေါင်းစဉ်ကို ရပ်တန့်လိုက်ပြီး တခြားအကြောင်းကို ပြောင်းပြောလာခဲ့သည် ။ "ခင်ဗျားက တပ်ဖွဲ့၇နဲ့ အတော်လေး တည့်နေတာပဲ ။ အထူးသဖြင့် ခေါင်း‌ဆောင်စုန့်နဲ့ ။ အဲ့တာက ကျွန်တော့်ကို သူနဲ့ မစ်ရှင်တွေ အတူတူသွားခဲ့ရတဲ့အချိန်တွေကို ပြန်အမှတ်ရမိစေတယ် "

လင်ရှင်းလန်ဘက်မှ ကြည့်လျှင် တပ်ဖွဲ့ ၇မှ ကင်းထောက်မှာ လောင်ယွီဖြစ်သင့်သည်ပင် ။

အဲ့ဒီတစ်နှစ်အတွင်း လောင်ယွီကနေ ကျစ်ယွီရှီအဖြစ် ပြောင်းလဲသွားပြီး စုန့်ချင်းလန်၏ သူ့အပေါ်သဘောထားမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားရအောင် ဘာတွေများဖြစ်ပျက်ခဲ့သည်လဲ ? လင်ရှင်းလန်သည် အင်မတန် သိလိုစိတ်ပြင်းပျနေသော်လည်း သူသည် ဤအကြောင်းအရာပေါ်တွင်ပဲ ကွေ့ဝိုက်မနေခဲ့ ။

"အဲ့တုန်းက ကျွန်တော်တို့က လေ့ကျင့်ရေးဆင်းတုန်းပဲ ရှိသေးတာ ။ ကျွန်တော်တို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုက အတော်ကောင်းတာလေ ။ ကျွန်တော်တွေးသမျှကို သူကလဲ တွေးပြီးသား ။ ကျွန်တော်တို့အတူတူ မစ်ရှင်တွေအများကြီး အောင်မြင်အောင်လုပ်ခဲ့ကြတာ " လင်ရှင်းလန်က ပြောပြနေသည် ။ "ကျောင်းသားအဆင့်စာရင်းတွေမှာဆိုရင် ကျွန်တော်တို့ အမြဲသရေပဲ ။ တစ်ချို့ဆို ကျွန်တော်တို့ကို လန်နှစ်လန် duoလို့ ခေါ်ကြတာဗျ "

ကျစ်ယွီရှီသည် ဤအကြောင်းကို လီချွင်းထံမှ ကြားဖူးပြီးဖြစ်သည် ။

လင်ရှင်းလန်က ပြောနေရင်းနှင့် တကယ်ကို မကျေမချမ်းဖြစ်လာပုံပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now