အပိုင်း(၅)

7K 1.2K 18
                                    

『Unicode』

《PU-31》

အလေအလွင့်တစ်ယောက် စိတ်မနှံ့သူကဲ့သို့ မနက်အစောကြီး တောအုပ်ထဲ ရုတ်တရက် ပြေးဝင်လာခြင်းကပင် ပုံမှန်မဟုတ်နေခဲ့ ။ 

တစ်ဖက်လူ၏ ရောဂါတစ်စုံတစ်ခုခံစားနေရခြင်း ဖြစ်နိုင်ချေအပြင် ဆိုးရွားလွန်းသည့် ပုံပန်းသွင်ပြင်ကိုပါ ထည့်ပေါင်းလိုက်သောအခါ ရှိသမျှလူအကုန်‌ ပြောစရာစကားမဲ့သွားရသည် ။

စုန့်ချင်းလန်က ကျစ်ယွီရှီ၏လက်ထဲမှ ဓာတ်မီးကို လှမ်းယူကာ ပိတ်လိုက်သည် ။ အမှောင်ထုထဲ တစ်ဖန်ပြန်လည်ကျရောက်သွားသည်နှင့် သူပြောသည်ကို ကျစ်ယွီရှီ ကြားလိုက်ရ၏ ။

"ကောင်းပြီ... ဒီ‌နေ့ ထွက်မလာခင်တုန်းက ငါ့ကံကြမ္မာကို စစ်ဆေးခဲ့သင့်တာ ။ မူလဒေသခံ‌တွေဆီ အတွေ့ခံရတဲ့ အမြန်ဆုံးစံချိန်ကို ငါတို့ချိုးလိုက်ပြီ ။ ပြန်ရောက်ရင် ဘယ်သူမှ ဒီအကြောင်းကို ပြန်တင်ပြခွင့်မရှိဘူး ၊ တကယ်လို့ အမှတ်တွေ ထပ်ပြီးအလျှော့ခံရရင် တပ်ဖွဲ့၉ကကောင်တွေ ငါတို့ကိုကျော်တက်သွားလိမ့်မယ် "

ကျစ်ယွီရှီ : " ........... "

စုန့်ချင်းလန်၏အသံသည် ပုံမှန်ဆန်စွာဖြင့် အကုန်လုံးကို ထူးဆန်းသည့်လေထုအခြေအနေထဲမှ ခေါ်ထုတ်လိုက်လေသည် ။ 

ဒါက သူတို့အတွက် သတိပေးချက်တစ်ခုပင် ။ သူတို့သည် စောင့်ရှောက်သူများဖြစ်ပြီး သူတို့ရှိမနေသင့်သော အချိန်နှင့်အာကာသထဲတွင် ယခုလက်ရှိရောက်နေကြခြင်းဖြစ်သည် ။

"လောလောဆယ် အဲ့ဒီလူကို မလှမ်းမကမ်းမှာ ထားခဲ့လိုက် ၊ တစ်ယောက်ယောက်က သူ့ကို တွေ့ပြီး ‌ရဲခေါ်လိုက်မှာပဲ"

စုန့်ချင်းလန်က ဆို၏။ "ဒီလောက်အမှောင်ထဲမှာ ဘာမှမမြင်ရဘူး၊ အဲ့တော့ ဒီကာလက ထျန်းချုံကို ဆက်သွယ်နိုင်မဲ့နည်းလမ်းရှာဖို့ဆိုရင် ဒီနေရာက ထွက်မှရမယ် ၊ အပြင်‌ရောက်ရင် ပတ်ဝန်းကျင်ကို အာရုံစိုက် ၊ လူသတ်နေတာနဲ့ တွေ့ရင် တွေ့နိုင်တာမို့လို့ သတိရှိရှိနေကြ "

အားလုံး : "ဟုတ်ကဲ့ ဆရာ"

မထွက်ခွာမီ သူတို့သည် ထုံးစံအတိုင်း လက်နက်များကို ခွဲဝေယူကြ၏ ။ 

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now