အပိုင်း(၆)

6.9K 1.2K 151
                                    

『Unicode』

《လှဲနေပြီးပဲ အနိုင်ယူ》

"ဖာ့ခ် အဲဒါက ဘာကြီးလဲ ?? PU-31 က သောက်ကျိုးနည်း ဘာကြီးလဲ?? "

"ကြီးကြပ်ကွပ်ကွဲရေးစင်တာက နောက်ဆုံးကျမှ မစ်ရှင်ကို ပြောင်းလိုက်တာလား ? "

"ခေါင်းသုံးလေ ၊ အထက်က သေချာပေါက် ဒါမျိုးလုပ်မှာမဟုတ်ဘူး "

"တခြားတပ်ဖွဲ့ရဲ့ မစ်ရှင်နဲ့ ရောသွားတာလား ? ဒါမှမဟုတ် တပ်ဖွဲ့၉ကကောင်တွေပဲ စနောက်ပြီး လုပ်နေတာလား ? "

"အမှောင်နောက် လိုက်သူဆိုတာကရော ဘာကြီးလဲ ?! ဒီမစ်ရှင်မပြီးရင် ငါတို့ပြန်လို့မရတော့ဘူးလား ?"

"ခေါင်းဆောင်စုန့် ၊ ခင်ဗျားအရင်က ဒါမျိုးကြုံဖူးလား ?"

ဂယက်ရိုက်နေသော စကားသံများအဆုံး ကျစ်ယွီရှီ၏မေးခွန်းက အားလုံးကို ငြိမ်သက်သွားစေသည် ။

အနက်ရောင်တိုက်ခိုက်ရေးယူနီဖောင်းက ကျစ်ယွီရှီကို ပို၍ပင်ပိန်သွယ်နေစေပြီး သူ့အသံမှာ အဖွဲ့သားများနှင့်ယှဉ်လျှင် ပို၍တည်ငြိမ်နေခဲ့သည် ။

"ပထမဆုံးပဲ " စုန့်ချင်းလန်က ဖြေသည် ။ "မင်းရဲ့မှတ်တမ်းတင်သူမစ်ရှင်တွေ လုပ်တုန်းကရော ဒါမျိုးကြုံဖူးလား ? "

တိတ်ဆိတ်နေသောသူ့ပုံစံကြောင့် သူလည်း ယခင်က ဒါမျိုးမကြုံဖူးဟု ယူဆနိုင်သည် ။ စုန့်ချင်းလန်က မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်ရင်း "ဘာလဲ ? ကြောက်လို့လား ? "

ကျစ်ယွီရှီက ခေါင်းခါသည် ။ "မဟုတ်ပါဘူး ၊ ကျွန်တော့်အတွက်က လှဲနေပြီး နိုင်နေရုံနဲ့တင် လုံလောက်ပါပြီ "

လူတိုင်းက ထိတ်လန့်သွားကြသည် : "!!! "

အကြံပေးကျစ်က ဒီလိုစကားမျိုးကို တကယ်ကြီးထုတ်ပြောလာလိမ့်မည်ဟု သူတို့မထင်မှတ်ထားခဲ့ကြပေ ! ဒီလိုအခြေအနေမှာ ဒါမျိုးလုပ်ဖို့ တကယ်အဆင်ပြေလို့လား ?!

ကျစ်ယွီရှီက မည်သို့သောဝန်ထုပ်ဝန်ပိုးမျှ ခံစားမနေရသကဲ့သို့ပင် ဆက်လက်တည်ငြိမ်နေလျက် ။ *ငါးဆားနယ်တစ်ကောင်အဖြစ် နေတော့မည်ဟု စိတ်ပိုင်းဖြတ်ထားပုံပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now