အပိုင်း(၇)

6.3K 1.1K 70
                                    

『Unicode』

《ရေသန့်ဘူးအဖုံးတောင်မဖွင့်နိုင်ဘူးတဲ့》

" အားလုံးအသင့်ပြင်ထား ၊ ထျန်းချုံတပ်ဖွဲ့  ၇ ၊ ၁၃ခုမြောက် Aအဆင့်မစ်ရှင် ၊ ထွက်ခွာမယ် !"

အမျိုးသားအသံ ခပ်နိမ့်နိမ့်က ကျစ်ယွီရှီ၏နားထဲ ဝင်ရောက်လာသည် ။

ထိုအသံက သူ့အသိစိတ်ကို ဖြတ်သန်းကာ သူ၏ အကြားအာရုံကြောများအား ထုံထိုင်းသွားစေ၏ ။

[သတိပေးချက် ! သတိပေးချက် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! သင်သည် သတ်မှတ်ထားသော ဦးတည်ချက်မှ သွေဖီနေပါသည် ! ]

အာကာသယာဥ်အတွင်း အရေးပေါ်အချက်ပြမီးက အဆက်မပြတ် လင်းလိုက်မှိန်လိုက်နှင့် သူ့ရှေ့မှ ထုတ်ချင်းဖောက်ဘောင်ကွက်သည်လည်း ဆက်တိုက် တဖျတ်ဖျတ်ဖြစ်နေ၏  ။

အဖြူရောင်အလင်းတန်းက သူ့ရှေ့တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ထို့နောက်တွင်တော့ ကျယ်လောင်စူးရှသော အချက်ပေးသံကို ကြားလိုက်ရသည် ။

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

[တရားမဝင် ရွှေ့ပြောင်းခြင်းကို တွေ့ရှိရသည် ! ]

တစ်ခုခု လွဲချော်နေ၏ !!

ကျစ်ယွီရှီသည် အံကိုကြိတ်လျက် အရေးပေါ်ခလုတ်ကို နှိပ်ရန် ထပ်တလဲလဲ ကြိုးစားလိုက်သည် ။ သို့သော် ယာဥ်ငယ်က မရပ်မနား  ကြမ်းရမ်းစွာ လည်ပတ်ယမ်းခါနေ၏ ။ သူသည် အပြင်သို့ လွင့်ထွက်မနေအောင် ထိုင်ခုံလက်ရမ်းကို အားကုန်သုံးပြီး ဆုပ်ကိုင်ထားရုံသာ တတ်နိုင်သည် ။

ရာစုနှစ်တစ်ခုမျှ ကုန်လွန်သွားသကဲ့သို့ ခံစားရပြီးသည့်နောက် အာကာသယာဥ်သည် တဖြည်းဖြည်း ငြိမ်သက်လာသည် ။ ကျစ်ယွီရှီသည် ယာဥ်ငယ် လုံးဝရပ်တန့်သွားသည်နှင့်တစ်ပြိုက်နက် စက်ရုပ်လက်တစ်ဖက်က ပေးလာသော အာဟာရဖြည့်စွက်ရည်ကို အမြန်ဆွဲယူကာ တစ်ကျိုက်တည်း မော့ချလိုက်၏ ။ ဖြည်းဖြည်းချင်း ပြန်သက်သာလာရန် ဆယ်စက္ကန့်ကျော်မျှ အချိန်ယူလိုက်ရ၏ ။

နေပါအုံး......

ဘာကြောင့် ဒီမြင်ကွင်းကို.... မြင်ဖူးသလို ခံစားနေရတာလဲ ?

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now