အပိုင်း(၄)Ouroboros

7.5K 1.2K 46
                                    

『Unicode』

Ouroboros
《အလေအလွင့်》

ထွက်ခွာမည့်နေ့ ။

[၁၄၅၆.၅.၁၇ ၊ ၀၉ : ၅၁ : ၄၀ ]

တတိယကြီးကြပ်ကွပ်ကဲရေးစင်တာ၌ ကြီးမားသည့် မျက်နှာပြင်ထက်တွင် လက်ရှိအချိန်ကိုသြဒိနိတ်အမှတ်များကို ဖော်ပြနေပြီး လူတိုင်းသည် ကိုယ့်တာဝန်နှင့်ကိုယ် အလုပ်ရှုပ်နေကြသည် ။ သူတို့ယခင်က အခါပေါင်းများစွာ လုပ်ခဲ့ဖူးသော မစ်ရှင်များနှင့် ကွဲပြားခြားနားခြင်း အလျင်းမရှိ ။

၈ မိနစ်အကြာတွင် မစ်ရှင်က တရားဝင် စတင်တော့ပေမည် ။ ထျန်းချုံတပ်ဖွဲ့ ၇မှ လူတိုင်းသည် သူတို့၏ စောင့်ရှောက်သူတိုက်ခိုက်ရေး ယူနီဖောင်းကို ဝတ်ဆင်ပြီးဖြစ်ကာ...အချိန်ရွှေ့ပြောင်းသောအခါ ဆိုးကျိုးတစ်စုံတစ်ရာ မရှိစေရန်အလို့ငှာ.. တစ်ယောက်ချင်းစီအခြေအနေများကို စစ်ဆေးနေကြသည် ။

စုန့်ချင်းလန်က သူ၏စစ်ဆေးမှုပြီးသွားချိန်တွင် အရင်အတိုင်း ကျန်အဖွဲ့သားများကို လိုက်လံစစ်ဆေးနေ၏ ။

ကျစ်ယွီရှီကိုမြင်သော် မျက်မှောင်ကြုတ်ကာ သူ့ဘေးရှိ အဖွဲ့သားအား လှမ်းပုတ်လိုက်သည် ။ "သွားကြည့်လိုက်"

သွယ်လျပါးလှပ်သော ပုံရိပ်က သန်မာကြံ့ခိုင်သော စောင့်ရှောက်သူ အုပ်စုကြား ရောက်နေ၏ ။

ကျစ်ယွီရှီက သူ့လည်ပင်းအရေပြားအောက်တွင် အရင်နေ့က ဆက်သွယ်ရေးစက်တစ်ခု ထည့်ထားခဲ့ပြီး ဆက်သွယ်ရေးဝန်ထမ်းက ထိုစက်ကို သူ၏ လက်ကောက်နှင့် ချိတ်ဆက်ရန် ကူညီပေးနေသည် ။ သူက ထိုဝန်ထမ်းထက် အရပ်အနည်းငယ် ပိုမြင့်နေသဖြင့် သူ့ခေါင်းကို ငုံ့ထားပေးရသည် ။ မျက်လွှာချထားသော သူ့မျက်လုံးများထဲမှ အကြည့်က သူ့ကို အေးစက်ကာ တစ်သီးတစ်သန့်ဆန်စေသည် ။

"မှတ်တမ်းတင်သူရဲ့ တာဝန်က ပုံမှန်ဆို တစ်ယောက်တည်း မစ်ရှင်တွေဖြစ်ပြီး အဖွဲ့သားတွေမလိုဘူး ၊ စောင့်ရှောက်သူတွေကတော့ ပြောင်းပြန်ပဲ " ဝန်ထမ်းက သူ့အား ဂရုတစိုက် ရှင်းပြလာသည် ။ "အကြံပေးကျစ် ၊ ဒီဆက်သွယ်ရေးစက်ကို စစတပ်ချင်းတော့ အဆင်မပြေဖြစ်လောက်တယ် ၊ အဖွဲ့သားတွေအသံ ရုတ်တရက် ကြားရင်လဲ လန့်သွားလောက်ပေမဲ့ မစိုးရိမ်ပါနဲ့ ၊ ခဏကြာရင် စက်ရှိနေတာတောင် သတိထားမိမှာ မဟုတ်တော့ဘူး "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now