အပိုင်း(၆၈)

3.9K 874 66
                                    

『Unicode』

စံနှုန်းနှစ်ခွ

လေးယောက်သားသည် နောက်ထပ် ၃ ၊ ၄ခန်းလောက် ဆက်သွားခဲ့ကြသည် ။ ကျစ်ယွီရှီက အခန်းတစ်ခုစီတွင် အမှတ်အသားများ ချန်ထားခဲ့သည် ။

လှေကားပေါ် တက်နေရင်း လင်ရှင်းလန်က မေးလာသည် ။ " အကြံပေးကျစ်..ဒီရောင်စုံကုဗတုံးမှာ ဘယ်နှဆင့်လောက်ရှိမလဲ ခန့်မှန်းနိုင်လား ? "

ဝါသနာထုံသူများကတော့ ၃ × ၃ × ၃ ကုဗတုံးမှ ၉ × ၉ × ၉ ရောင်စုံကုဗတုံးအထိ ရင်းနှီးနေကြလိမ့်မည် ။ ပို၍ပင် ထဲထဲဝင်ဝင် လေ့လာကြည့်ပါက ၁၇ ‌× ၁၇ × ၁၇ ကုဗတုံးလည်း ရှိသေးသော်ငြား ယခုကုဗတုံးက ၎င်းထက်ပင် ပို၍ကြီးမားသော ရောင်စုံကုဗတုံးဖြစ်ကောင်းဖြစ်နိုင်၏ ။

အနောက်မှ ကပ်လျက်လိုက်လာသော ကျစ်ယွီရှီက ပြန်အဖြေပေးလိုက်သည် ။ "မခန့်မှန်းနိုင်ဘူး "

လင်ရှင်းလန်က ဤအ‌ဖြေကြောင့် အံ့အားသင့်သွားပုံရသည် ။ သူသည် ကျစ်ယွီရှီကို ပြန်လှည့်ကြည့်လာ၏ ။

ကျစ်ယွီရှီသည် အလုံးစုံကို သိကျွမ်းနေသော အနန္တတန်ခိုးရှင်မဟုတ် ။ အနီးကပ်ပါဝင်‌နေသော အပိုင်းများကို သေချာမြင်နိုင်သည်မဟုတ်ချေ ။ ထို့ပြင် သူတို့ တစ်ခန်းပြီးတစ်ခန်း ဖြတ်သန်းလာရင်းနှင့် မစ်ရှင်၏ ရောင်စုံကုဗတုံးမှာ လက်တွေ့တွင် သူတို့ရင်းနှီးနေသည့် ရောင်စုံကုဗတုံးနှင့် တူသလားဟူသည့် မေးခွန်းလည်း ရှိနေသေးသည် ။

သူသည် မသေချာတော့ ။ သူသည် စတင်၍ တစ်စထက်တစ်စ ပိုမိုစိတ်ရှုပ်ထွေးလာသည်ဟု ခံစားနေရသည် ။ သို့သော် သူသည် အပြင်ပန်းတွင်တော့ ဘာကိုမျှ ပြသမလာခဲ့ ။

အကုန်လုံး၏ စိတ်ပိုင်းဆိုင်ရာအခြေအနေက အရေးကြီးလေ၏ ။ ဤအကြောင်းကို တခြားသူများကို ပြောရန် စောလွန်းနေသေးသည် ။

အထူးသဖြင့် လူတိုင်းက ရှေ့ရှိ လျှို့ဝှက်ဆန်းကျယ်မှုကို ဖြေရှင်းရန် အင်မတန် စိတ်အားထက်သန်နေသည့်အချိန် ဖြစ်နေသောကြောင့်ပင် ။

သူတို့ မီးခိုးရောင်ဘောလုံးနှင့် အခန်းသို့ ရောက်လာကြသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now