အပိုင်း(၁၅)

6.1K 1.1K 228
                                    

『Unicode』

《ပြောရရင်တော့ တရင်းတနှီးဖြစ်လွန်းနေတယ်》

ယာဉ်ထဲရှိလူအကုန်လုံး တစ်ခဏမျှတိတ်ဆိတ်သွားကြသည် ။ သူတို့၏မျက်လုံးများမှာ ထိန်းချုပ်စနစ်တွင် ပြနေသော မျက်နှာပြင်ပေါ်သို့ ကျရောက်နေသည် ။ 

မြို့တစ်လျှောက် အာကာသကားဖြတ်လာရင်း အတားအဆီးများစွာရှိသော်လည်း သူ့အမြန်နှုန်းမှာ အနည်းဆုံး တစ်နာရီ ကီလိုမီတာ ၁၀၀သာ ရှိ၏ ။ သူတို့သည် ရင်တုန်စိတ်လှုပ်ရှားကိုသာ ဂရုစိုက်မိပြီး မည်သူကမျှ သက်ရှိလူသားများ မပြောနှင့် ၊ တခြားကားတစ်စီးနှင့် ရုတ်တရက်ကြီး တိုက်မိသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ ။ အခြားကားတစ်စီးကို တိုက်မိပြီး ထိုကားကို လုံးဝကြေမွသွားစေသည့်အဖြစ်က တွေးတောကြံဆတတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော မည်သူ့ကိုမဆို အလွန်စိတ်မသက်မသာခံစားနေစေမည်ပင် ။

လီချွင်းက ကူကယ်ရာမဲ့စွာ တုန်လှုပ်သွားလေသည် ။ သူ့မျက်နှာအမူအရာသည် ချောက်ချားနေပြီး "ကျ-ကျွန်တော်တို့ တစ်ယောက်ယောက်ကို တိုက်မိသွားတာလား ? "

အခြားအဖွဲ့သားများ၏မျက်နှာတို့သည်လည်း သိပ်မဟန်လှပေ ။

ဖုတ်ကောင်တစ်ကောင်ကို တိုက်ကာ သတ်မိခြင်းက ကိစ္စမရှိသော်လည်း လူသားတစ်ယောက်ကို တိုက်သတ်မိခြင်းမှာတော့ လုံးဝကွဲပြားသောကိစ္စရပ်ပင် ။

အမြဲတည်ငြိမ်နေ‌တတ်သော ထန်းချီတစ်ယောက်သာ မတုန်မလှုပ်ပြန်ဖြေလာသည် ။ "ဟုတ်တယ်"

လီချွင်းက တုံ့ဆိုင်းစွာဖြင့် : "ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ? ပြန်သွားပြီး ကြည့်သင့်လား ? "

ကျိုးမင်ရွှမ်း၏လေသံမှာ လေးလံနေပြီး "ဘာထူးမှာလဲ ? ဒီအရှိန်နဲ့အလေးချိန်နဲ့ဆို သူတို့သေချာပေါက်သေနေလောက်ပြီ ။ ကားသင်္ချိုင်းမှာ ကားတွေဘယ်လိုဖျက်ဆီးခံရလဲ မြင်ဖူးလား? အဲ့လိုပုံစံမျိုးပဲ "

"PU3K650" ကျစ်ယွီရှီက ကားလိုင်စင်နံပါတ်ပြားကို ဖတ်ကြည့်လိုက်သည် ။ 

ထိုစကားသည် ရုတ်ချည်းဆန်လွန်း၏ ။ အဖွဲ့သားများအားလုံး လှမ်းကြည့်လိုက်ကြသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now