အပိုင်း(၈၈)

4.3K 879 39
                                    

『Unicode』

《ကျစ်ယွီရှီ》

ကျစ်ယွီရှီက ဆက်ပြောလိုက်သည် ။ "အဲ့အချိန်တုန်းက ခင်ဗျားမှာ 'ဟန်ဟန်'ဆိုတဲ့တစ်ယောက် ရှိတယ်မဟုတ်ဘူးလား ? "

"ဖာခ့် " စုန့်ချင်းလန်က တိုးလျလျ ရယ်လိုက်သည် ။ "ဒါက တကယ်ကို ကျော်ရခက်တဲ့ အတားအဆီးကြီးပါလားကွာ "

ကျစ်ယွီရှီ ပြတင်းပေါက်အပြင်ဘက်သို့ ပြန်လည်ကြည့်လိုက်သည် ။ အဆောက်အဦးအဟောင်းများအား ဖြတ်သန်းလာခဲ့သည်ကို ကြည့်နေမိရင်း သူ့နှုတ်ခမ်းထောင့်စွန်းများက သိသိသာသာတွန့်ကွေးသွားခဲ့သည် ။ သူ စနောက်နေခြင်းပင် ။

စုန့်ချင်းလန်က စတီယာရင်ကို သူ့လက်ချောင်းနှင့် တောက်နေ၏ ။ ကျစ်ယွီရှီ စကားများက အမှန်တကယ်သာဖြစ်နေခဲ့လျှင်ဟု တွေးမိပြီး သူမေးလိုက်သည် ။ "ငါတို့ တကယ်ပဲ မူကြိုအတူတူတက်ခဲ့တာဆိုရင် မင်းငါ့ကို မှတ်မိမှာပေါ့ "

အခြားသူများက သူတို့၏ကလေးဘဝမှတ်ဉာဏ်များကို မမှတ်မိလောက်သော်လည်း ကျစ်ယွီရှီကတော့ သေချာပေါက်ကို မှတ်မိနေလိမ့်မည် ။

"စဉ်းစားကြည့်ရအောင် " ကျစ်ယွီရှီက သူ့အတွေးများနောက်မှ လိုက်ကာ ပြောလာသည် ။ "ဝဝကစ်ကစ် ကောင်လေးတစ်ယောက်က နောက်ကောင်လေးတစ်ယောက်‌ကို ဆက်တိုက်လိုက်ကပ်နေပြီး အတူမရှိရရင် သောင်းကျန်းတာကိုတော့ ကျွန်တော်မှတ်မိတယ် ။ သူက အတော်နာမည်ကြီးတဲ့ မိစ္ဆာဘုရင်လေးလေ "

စုန့်ချင်းလန် : "အဲ့တာဆို မဟုတ်ဘူးပဲ "

ကျစ်ယွီရှီက ပြန်လှည့်လာပြီး သူ့မျက်လုံးများက တောက်ပနေလျက် "ဘယ်လိုလုပ် မဟုတ်တာလဲ ? "

"ငါကလေးတုန်းက အတော်ဝခဲ့ပေမဲ့ အဲ့တုန်းက ကွေးမနေဘူးလေ " စုန့်ချင်းလန်က ရယ်လာသည် ။ "ငါ 'ဟန်ဟန်'ရဲ့ရုပ်ကို မမှတ်မိပေမဲ့ သူ့နောက်ကတော့ တစ်နေကုန် လိုက်နေခဲ့တာ ။ တကယ်လို့ အဲ့တုန်းက ဝကစ်လေးက နောက်ကလေးမလေးတစ်ယောက်နောက်က ဆက်တိုက်လိုက်ကပ်နေတာကိုတွေ့ရင် အဲ့တာ ငါဖြစ်လောက်တယ် "

ကျစ်ယွီရှီ ဘာမျှမပြောလာခဲ့ ။ ပြတင်းပေါက်မှန်က အနည်းငယ် ကျဆင်းလာပြီး သူ၏နက်မှောင်သော ဆံနွယ်များကို ပွရှုပ်သွားစေသည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now