အပိုင်း(၃၃)

4.9K 903 106
                                    

『Unicode』

《အသံတိတ်စိတ်ချင်းနားလည်မှု》

"ရွှေကျီးကန်း အမှတ်၂မှာတုန်းက ကျွန်တော်တို့မြင်ခဲ့တဲ့ ဟိုလိုဂရပ်ဖစ်ပုံရိပ်ကို မှတ်မိလား? PU-31ဘေးက အဲ့ဒီ အနက်ရောင်အက်ကွဲကြောင်းလေ?"

ကျစ်ယွီရှီက မေးလိုက်သည် ။

အာကာသယာဥ်ထဲ၌ လူ၃ယောက် ဝိုင်းကာ ထိုင်နေကြသည် ။

မုတ်ဆိတ်ကြီးမှာတော့ သူတို့ပြောနေသည်များကို နားမလည်သဖြင့် သူကိုယ်တိုင်အသစ်ယူလာသော ပစ္စည်းများကို နေရာချနေသည် ။ သူက ဒီလိုဘဝမျိုးနှင့် အတော်နေသားကျနေပြီဖြစ်သည် ။

လီချွင်းက ပြန်စဥ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လာသည် ။

အမှန်တော့ ဘာကြောင့် ထိုအက်ကွဲကြောင်းက PU-31ကို အဆုံးမရှိ ထောက်ပံ့ပေးရန် လုံလောက်သည့် အားပြင်းသောစွမ်းအင်ရှိနေသည်ကို သူတကယ်ကို လုံးဝနားမလည်ခဲ့ ။ သို့သော် အချိန်နှင့်စကြဝဠာ၏စွမ်းအင်နှင့် ပတ်သက်သမျှ အရာအားလုံးသည် ကမ္ဘာပေါ်ရှိ ထိပ်တန်းသိပ္ပံပညာရှင်များပင် အဖြေပေးနိုင်လောက်မည်မဟုတ်သော အရာများဖြစ်သည် ။

သင်နားမလည်လျှင် ထိုအကြောင်းကို နားလည်‌အောင်ကြိုးစားဖို့အတွက် ပူပန်စရာမလို‌ပေ ။

စုန့်ချင်းလန်က ကျစ်ယွီရှီ၏မေးခွန်းပြီးနောက် ထပ်မေးလာသည် ။ "အဲ‌ဒါက အပြိုင်စကြဝဠာတွေကြားက အက်ကွဲကြောင်းလား ? "

"ဟုတ်တယ်" ကျစ်ယွီရှီက ပြောသည် ။ "ဒီအက်ကွဲကြောင်းအကြောင်းပြောရရင် PU-31က အဲ့ဒီဘေးမှာရှိတယ်ဆိုတာရယ် ၊ အဲ့ဒီကစွမ်းအင်တွေအကုန်လုံးက အက်ကွဲကြောင်းက လာတယ်ဆိုတာကို ကျွန်တော်တို့အကုန်သိပြီးသွားပြီ ။ PU-31က စွမ်းအင်ကူးပြောင်းစက်တွေအကုန်လုံးကို ပိတ်လိုက်ပြီးရင် PU-31က ဒီစွမ်းအင်ကို ဆုံးရှုံးသွားရာကနေ သူ့ရဲ့မျှခြေကို ထိခိုက်ပြီး ကူးပြောင်းစက်တွေရဲ့ ထိန်းချုပ်မရတဲ့စွမ်းအင်တွေဆီက ဝါးမြိုခံရမယ်ဆိုတာလဲ သိပြီးပြီ - အဲ့ဒါက ကျွန်တော်တို့အနက်ရောင်နံရံလို့ခေါ်တဲ့အရာပဲ "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now