အပိုင်း(၁၃)

6.2K 1.1K 69
                                    

『Unicode』

《လက်နှစ်ဖက် ဆုပ်ကိုင်လိုက်ခြင်း》

လူလုပ်နယ်မြေ အစုအဝေးတစ်ခုအနေနှင့် PU-31ရှိ စာအုပ်ဆိုင်တွင် စာအုပ်အမျိုးအစားပေါင်းများစွာ ရှိနေသည် ။ အသက်အရွယ်မရွေး ၊ အကြိုက်အမျိုးအစားပေါင်းစုံအတွက် အကုန်လုံးပါဝင်သောစာအုပ်များရှိနေပြီး စာအုပ်အဟောင်း ၊ အသစ်များလည်း ရှိ၏ ။ နေရာပေါင်းစုံမှ လိုက်လံရှာဖွေထားသည်ဆိုတာ သိသာသည် ။

သူတို့ရောက်နေသော ဤအချိန်နှင့်အာကာသသည် အပြိုင်စကြဝဠာများအကြောင်း သူတို့လာခဲ့သောနေရာထက် ပို၍လက်ခံထားကြသည် ။ ဂဏန်းအရကြည့်လျှင် PU-31နှင့် ခပ်ဆင်ဆင်တူသောနေရာမှာ ‌တစ်နေရာထက်ပိုရှိပုံရ၏ ။ သို့သော် စာအုပ်ဆိုင်အတွင်း၌ ဤအကြောင်းပါရှိသောစာအုပ် များများစားစားမရှိသည်ကို ကျစ်ယွီရှီတွေ့လိုက်ရသည် ။ ခုနကရှာတွေ့ခဲ့သော < ကမ္ဘာငယ် : PU31 > ဆိုသည့်စာအုပ်ကို သတိထားမိသွားခြင်းမှာ အဓိကအားဖြင့် သိသာထင်ရှားသောနာမည်ကြောင့်ဖြစ်၏ ။ ဤနေရာရှိလူတို့က ထိုသို့သောဝတ္ထုကို အဲ့လောက်ထိအရေးပါသည်ဟု သဘောမထားကြောင်း ပြသနေသည် - အမှန်ပင် ၊ အွန်လိုင်းစာကြည့်တိုက် သို့မဟုတ် ကလောက်(cloud)ထဲတွင် ဗဟုသုတအကုန်လုံးသိမ်းဆည်းထားသည် ဟူသော ဖြစ်နိုင်ချေကိုလည်း ချန်လှပ်ထား၍မရ ။

သို့သော် ‌ကံကောင်းစွာပင် အချက်အလက်တချို့ ရခဲ့သည် ။

ကျစ်ယွီရှီ လမ်းလျှောက်ရင်း ကြည့်နေစဉ် စုန့်ချင်းလန်က သူလိုအပ်သောစာအုပ်များကို ယူရန်ကူညီပေးသည် ။

ကျစ်ယွီရှီသည် ထူးထူးခြားခြား မာနကြီးသူမဟုတ် ၊ နောက်ပြီး စုန့်ချင်းလန်အား အခွင့်အရေးယူရန်လည်း သူ့လက်ကောက်ဝတ်မှ ညိုမည်းရာများကို ရည်ရွယ်ချက်ရှိရှိ အသုံးမချခဲ့ပေ ။ သူသည် ခုနကထုတ်ပြောလာရုံသာဖြစ်ပြီး လမ်းတစ်လျှောက်တွင် ခွင့်လွှတ်ပေးလိုက်သည် ။ 

သူ၏ ဒီလောက်လွယ်လွယ် အငြှိုးအတေးထားတတ်ပုံဖြင့် ဘယ်လိုများ ချစ်သူကောင်လေးရှာနိုင်သလဲဆိုတာ စဉ်းစားစရာပင် ။

စုန့်ချင်းလန်က ကျစ်ယွီရှီ၏ဘေးတွင် နေရာယူလိုက်သည် ။ သူ့နေရာမှကြည့်လျှင် ကျစ်ယွီရှီ၏ အာရုံစူးစိုက်နေသော မျက်နှာအမူအရာကို မြင်နိုင်လေ၏ ။ သူ၏မျက်တောင်များမှာ သေးငယ်လှသော ယပ်တောင်များကဲ့သို့ပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now