အပိုင်း(၈၂)

4.7K 977 222
                                    

『Unicode』

《‌သေချာစဉ်းစားကြည့်တာ‌ ကောင်းမယ်》

'ငါ့ကောင်လေး'ဟူသော စကားလုံးလေးတစ်လုံးက တပ်ဖွဲ့၇ထဲမှ ဆင်ဂယ်ခွေးများကို အရှိုက်ထိသွားစေ၏ ။ သူတို့၏စတီးလိုဖြောင့်ကာ ဂေးမုန်းတီးသော ခေါင်းဆောင် ရုတ်တရက် ဂေးသွားခြင်းက တစ်က‌ဏ္ဍဖြစ်သော်ငြား သူတို့မျက်စိဖြင့် နှစ်ယောက်အတူတွဲမြင်ရခြင်းက နောက်တစ်ကဏ္ဍပင် ။ ယခင်က သူတို့ နောက်ပြောင်နိုင်သော်လည်း ယခုတော့ ခေါင်းဆောင်စုန့်နှင့် အကြံပေးကျစ်ကြားရှိ မရေမရာလေထုအခြေအနေကို သူတို့တကယ်ကြီး ခံစားလို့ ရနေခဲ့သည် ။

နှစ်ယောက်သားသည် သိသိသာသာကို လိုအပ်သည်ထက်ပိုအောင် တရင်းတနှီး ဘာကိုမျှ ပြုမူမနေဘဲ ယခင်ကနှင့်လည်း လုံးဝမကွဲပြားသွားသည့်တိုင် နှစ်ယောက်အတူရပ်နေသော မြင်ကွင်းနှင့်ပင် သူတို့က အမှန်တကယ်ကို စုံတွဲတွေပါဟူသော အချက်အား တခြားသူများ လျစ်လျူရှုရန် ခက်ခဲနေစေသည် ။

ထန်းလဲ့ မူးဝေသွားရ၏ ။ "ဘယ်လိုလုပ် ကောင်လေးလဲ ?! "

ကျိုးမင်ရွှမ်း : "အကြံပေးကျစ်...တကယ်ကြီး နည်းနည်းလေးထပ်စဉ်းစားဖို့ မလိုတော့ဘူးလား ?! "

ကျစ်ယွီရှီသည် ပူပူနွေး‌နွေး omelette ကို တအိအိစားနေပြီး ဝါးနေရင်းဖြင့် ဖြေလိုက်သည် ။ "ခေါင်းဆောင်စုန့်က တအားလူကြိုက်များတယ်လို့ ခင်ဗျားတို့ပဲ ကျွန်တော့်ကို သတိပေးတာ မဟုတ်ဘူးလား ? "

ထိုစာကြောင်းက အလွန်ပေါ့ပါးကာ သာမန်ကာလျှံကာဆန်လှသည် ။ ကျစ်ယွီရှီ သဘာဝကျလွန်းစွာ ပြောလာသည်မှာ 'ဟင်းသီးဟင်းရွက် ဈေးတွေတက်မယ်ကြားလို့ လမ်းမှာ နည်းနည်းဝင်ဝယ်ခဲ့တာ'ဟု ပြောနေသည့်အလား ။

စုန့်ချင်းလန်က လက်ကိုပိုက်လျက် မော်ကြွားစွာဖြင့် "ကူညီပေးလို့ ကျေးဇူးပဲကွာ "

လူတိုင်း : "သေစမ်း ! "

ကနဦးအစကိုသာ မြင်လိုက်ရပြီး ဖြစ်ပျက်သွားသည်များကိုတော့ မတွေ့ခဲ့ရ ။ ဤသည်က အောင်သွယ်တော်များ၏ အကျိုးနည်း ကံကြမ္မာပင် ။

လီချွင်းက ခါးသက်စွာ အော်ဟစ်လာ၏ ။ "ဘာတွေ လွတ်သွားတာတုန်း ?! တစ်ရက်စဉ်းစားလို့ရတယ်လို့ ပြောခဲ့တာ မဟုတ်လား ?! မနေ့ညက ကျွန်တော်တို့ ဂိမ်းကစားနေတုန်းကတောင် အဆင်ပြေနေသေးတာလေ ။ ကျွန်တော်တို့ အိပ်သွားမှ ခင်ဗျားတို့နှစ်ယောက် တိတ်တိတ်လေး ဘာတွေလုပ်ခဲ့တာတုန်း ? "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now