အပိုင်း(၆၅)

3.8K 867 65
                                    

『Unicode』

《စိတ်ချပါ》

ကြိုးတစ်ချောင်းနှင့် ချိတ်ဆွဲထားသယောင် ကျစ်ယွီရှီ၏ နှလုံးသားမှာ စုန့်ချင်းလန်ကို မြင်လိုက်သည်နှင့် နေရာတကျ ပြန်ကျသွားပုံပင် ။

သူ့အဖွဲ့သားများနှင့် ပြန်လည်ဆုံတွေ့ရသည်မှာ အင်မတန်ခံစားလို့ကောင်းပေ၏ ။ ကျစ်ယွီရှီသည် သူတစ်ယောက်တည်း ပြုမူလှုပ်ရှားရသည်ကို ပိုအသားကျခဲ့မှန်း မေ့လျော့သွားလုနီးနီးပင် ။

"ခေါင်းဆောင်စုန့် ? " ကျစ်ယွီရှီ၏နောက်ကျောမှာ နာကျင်သွားရသော်လည်း သူစိတ်မဆိုးမိ ။ "ကျွန်တော် အမြဲ......ဒီမှာပဲ ရှိနေတာလေ ? "

စုန့်ချင်းလန်မဟုတ်ဘဲ ခေါင်းဆောင်စုန့်ဖြစ်သည် ။

သူ့စကားသံမှာ အထူးတလည် နွေးထွေးမနေသည့်တိုင် ကျစ်ယွီရှီနှင့် ရင်းနှီးနေသောသူများက နောက်ဆုံးတွင်‌တော့ သူ့အဖွဲ့သားများနှင့် ပြန်အဖွဲ့စုမိသည့်အတွက် မည်မျှ ပျော်ရွှင်နေမှန်း ပြောနိုင်၏ ။

နံရံကြား အညှပ်ခံထားရသော်လည်း ကျစ်ယွီရှီ မရုန်းကန်မိ ။ သူသည် မေးခွန်းကိုသာ ဖြေလိုက်ပြီးနောက် ဆက်လက်၍ စုန့်ချင်းလန်၏ ပုံပန်းသွင်ပြင်ကို မှတ်ချက်ပေးလာခဲ့သည် ။ "ခင်ဗျား ထပ်ပြီး မုတ်ဆိတ်ငုတ်တိုတွေ ပေါက်နေပြန်ပြီပဲ ! "

ပရမ်းပတာမစ်ရှင်မှာကဲ့သို့ ၊ ကျစ်ယွီရှီသည် သေသပ်သန့်ရှင်းနေဆဲဖြစ်ပြီး စုန့်ချင်းလန်သည်တော့ ဆန့်ကျင်ဘက်ပင် ။ ထျန်းချုံသည် စုန့်ချင်းလန်ကို ကွဲပြားသောအချိန်များသို့ ပို့ပေးရသည်ကို အတော်လေး နှစ်သက်နေပုံရပြီး သူကိုယ်တိုင် ကြိုက်၍ဖြစ်စေ မကြိုက်၍ဖြစ်စေ ၊ ထျန်းချုံက သူ့အား ယောက်ျားပီသသည့် ကြမ်းကြမ်းတမ်းတမ်း အသွင်အပြင်ကို သိသိသာသာ ထားစေချင်ပုံရလေ၏ ။

စုန့်ချင်းလန်သည် အချိန်အတော်ကြာအောင် မှန်မကြည့်ခဲ့ချေ ။ ထိုမှတ်ချက်ကိုကြားသော် သူ့မျက်နှာအမူအရာက ပျက်ယွင်းသွားသည် ။

ကျစ်ယွီရှီ၏ တောက်ပနေသောမျက်လုံးများက စုန့်ချင်းလန်၏မေးစေ့ထံ ကျရောက်သွားသည် ။ သူသည် နားမလည်နိုင်စွာဖြင့် မေးလိုက်၏ ။ "ခင်ဗျား ဒီရောက်နေတာ အတော်ကြာပြီလား ? "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now