အပိုင်း(၂၃)

5.3K 1K 122
                                    

『Unicode』

《အဆုံးသတ်မဟုတ်သေးဘူး ၊ ရပါတယ်》

အကုန်လုံး အဖွဲ့Bမှ ကျစ်ယွီရှီ လမ်းညွှန်သည့်အတိုင်း သွားလိုက်ကြသည် ။ သူတို့၏ ဦးတည်ချက်မှာ ရှင်းလင်းပြတ်သားနေ၏ ။

ကြည့်ရသလောက် ရွမ့်ကျင်းအဆောက်အဦးတွင် မူလအဖွဲ့၄မှ အဖွဲ့သားများနှင့် လူစုကွဲသွားပြီးနောက် အဖွဲ့Bမှ စုန့်ချင်းလန်နှင့်ကျစ်ယွီရှီတို့၏ သူငယ်ချင်းဆက်ဆံရေးမှာ တစ်မျိုးတစ်ဖုံ ခပ်မြန်မြန်ပဲ အဆင့်ခုန်တက်သွားပုံရသည် ။

အရှေ့တွင် လျှောက်နေသော သွမ့်ဝမ်က ပြောလာ၏ ။ "ခေါင်းဆောင်စုန့်...တွေးကြည့်မှ အဖွဲ့၄ရော အဖွဲ့၃ရောက ခင်ဗျားနဲ့ အကြံပေးကျစ်နှစ်ယောက်လုံး အဖွဲ့ကနေ ကွဲသွားတာက အတော်တိုက်ဆိုင်တာပဲ ။ တကယ်ရေစက်ပဲဖြစ်ရမယ် "

အနောက်ဘက်ရှိ လီချွင်းမှာ ဖုတ်ကောင်များစွာကို ဖောက်ခွဲပစ်လိုက်ပြီး သေနတ်ပြန်ကန်အားကြောင့် ကိုက်ခဲနေသည့် သူ့ပခုံးများကို ပွတ်သပ်နေသည် ။ "ဟုတ်တယ်...အစ်ကိုဝမ်သာ မပြောခဲ့ရင် ကျွန်တော် သတိထားမိမှာမဟုတ်ဘူး ။ နှစ်ဖွဲ့စလုံးမှာ ခေါင်းဆောင်စုန့်နဲ့အကြံပေးကျစ်က အတူတူရှိနေဖြစ်ကြတာလေ ။ ကြည့်ရတာ အပြိုင်အချိန်လမ်းကြောင်းမှာတောင် ဒီတူညီတဲ့ ရွေးချယ်မှုကိုပဲ လုပ်မိနေမဲ့ပုံပဲ ! "

မည်သည့်အချိန်တွင်မဆို ဤတပ်ဖွဲ့ရှိ လူများသည် အမြဲအရေမရအဖတ်မရပြောရန် အဆင်သင့်ဖြစ်နေကြသည် ။

သူတို့ကိုယ်တိုင်၏ သေဆုံးမှုများကို မျက်မြင်တွေ့ခဲ့ပြီး ဧရာမပင့်ကူကြီးနှင့် ချနှက်ခဲ့ပြီးတာတောင် ၊ ရှေ့တွင် သူတို့မသိနိုင်သည့် အန္တရာယ်များက စောင့်ကြိုနေသည့်တိုင် သူတို့သည် အခြားအကြောင်းအရာများကို အလျင်အမြန် ပေါက်ပေါက်ဖောက်နိုင်ကြသေးသည် ။

--ဤသည်က ထျန်းချုံ တပ်ဖွဲ့၇၏ အာရုံလွှဲသည့်နည်းလမ်း ဖြစ်နိုင်သည် ။

သူတို့၏စိတ်အခြေအနေကို ညှိယူပြီး ဘယ်အချိန်မဆိုပေါ်လာနိုင်မည့် နောက်ထပ်အန္တရာယ်များကို အချိန်မီကိုင်တွယ်နိုင်ရန် အသင့်အနေအထားဖြစ်အောင် ချိန်ညှိထားနိုင်ခြင်းကြောင့် သူတို့အား ထက်ရှသော မြားတစ်စင်းကဲ့သို့ ရှေ့ဆက်သွားနေသည့် တပ်ဖွဲ့အဖြစ် မှတ်ယူနိုင်ခြင်းပင် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now