အပိုင်း(၇၂)

3.8K 871 79
                                    

『Unicode』

《 ကျွန်တော် အထင်မှားမိလိမ့်မယ် 》

သူတို့ အခန်းထဲမှ ထွက်သွားပြီးနောက် စုန့်ချင်းလန်က တကယ်ပဲ ပြန်သွားခဲ့သည်လား ?

စုန့်ချင်းလန် ဘာတွေကြားခဲ့တာလဲ ?

သူ အဲ့အကြောင်း မေးလာလိမ့်မည်လား ? သို့မဟုတ် ချစ်သူကောင်လေး ၃ယောက်ကဲ့သို့သော အထင်လွဲမှားမှုမျိုး ထပ်ရှိလာလိမ့်မည်လား ?

သူ့မျက်ခွံများ တလှုပ်လှုပ်ဖြစ်နေဆဲ ။ ကျစ်ယွီရှီ၏ နှလုံးသားမှာ အကြမ်းပတမ်း ခုန်ပေါက်နေခဲ့သည် ။

သူ့ကိုယ်ဘေးတွင် တွဲလောင်းကျနေသော ‌လက်ချောင်းများက တိတ်တဆိတ် လက်သီးဆုပ်သွားသော်ငြား သူ့မျက်နှာအမူအရာမှာတော့ ပုံမှန်အတိုင်း ထပ်တူညီစွာပင် ။ သူသည် စိတ်တည်ငြိမ်စွာဖြင့် "အိုး"ဟု တုံ့ပြန်လာ၏ ။

"မှတ်တမ်းတင်တဲ့ လုပ်ဆောင်ချက်ကျေးဇူးနဲ့ မင်း ဗဟိုကုဗတုံးဆီ ဆက်သွားဖို့ ဆုံးဖြတ်လိုက်တာကို ငါမြင်လိုက်ရတာ ။ မဟုတ်ရင် ငါတို့ အချိန်တွေအတော်ကုန်သွားလောက်တယ် " စုန့်ချင်းလန်က ခပ်သွက်သွက် ဆက်လက်မေးမြန်းလာခဲ့သည် ။ "လင်ရှင်းလန်နဲ့ လူကွဲသွားတာလား ? "

ကျစ်ယွီရှီ : "........."

သူနှင့်လင်ရှင်းလန်သည် ထိုအခန်းထဲတွင် စုန့်ချင်းလန်ကို အနည်းဆုံး မိနစ်၂၀လောက် စောင့်ဆိုင်းခဲ့၏ ။ သူတို့အနီးတစ်ဝိုက်တွင် သွားလာလှုပ်ရှားနေသော ရွှေ့ပြောင်းသူများ ပိုပိုများလာသောအခါမှသာ သူတို့ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည် ။

အခန်းထဲ၌ စုန့်ချင်းလန် မြင်ခဲ့သောအ‌ခြေအနေမှာ သူနှင့်လင်ရှင်းလန် ထွက်သွားခါနီးအချိန်သာဖြစ်ပြီး သူတို့အခန်းထဲသို့ စစချင်း ဝင်ရောက်လာသောအချိန် မဟုတ်ခဲ့ပေ ။

ကွေးဆုပ်ထားသော လက်ချောင်းများက တဖြည်းဖြည်း ပြန်လည်ပြေလျော့လာခဲ့သည် ။ ကျစ်ယွီရှီ စိတ်ထဲတွင် သက်သာရာရသွားသည့်တိုင် စိတ်ပျက်သွားသော ခံစားချက်‌ဖျော့ဖျော့လည်း ရှိ‌နေခဲ့သည် ။

ကံကောင်းစွာဖြင့် သူက သူလုပ်နိုင်သည်နှင့် မလုပ်နိုင်သည်ကို ကောင်းကောင်းသိသောသူဖြစ်သည် ။ သူသည် ပုံမှန်အတိုင်းသာ ပြန်ဖြေလိုက်၏ ။ "ဟုတ်တယ်..ကျွန်တော်တို့ အချိန်ကွာဟချက်နဲ့ကြုံပြီး လူကွဲသွားတာ "

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now