အပိုင်း(၇၈)

4.5K 974 123
                                    

『Unicode』

《အချိန်တွေက တအားနှေးတာပဲ》

တစ်ရက်က ဘယ်လိုလုပ် လုံလောက်မှာလဲ ? သေချာပေါက်ကို မလုံလောက်ပါချေ ။

ကျစ်ယွီရှီသည် သူ၏ကိုယ်ပိုင်လေ့ကျင့်ရေးအခန်းသို့ တည်တည်ငြိမ်ငြိမ်နှင့် ပြန်သွားခဲ့ပြီး သူ့အနောက်ရှိတံခါးကို ပိတ်ပြီးနောက်တွင်တော့ စက်ရုပ်လက်မောင်းက သူ့ခန္ဓာကိုယ်ကို စကန်ဖတ်လာခဲ့သည် ။ ထို့နောက်တွင်တော့ ၎င်းကအနီရောင်လင်းလာကာ ရုတ်ချည်းပင် ရေတစ်ဘူးနှင့်အတူ မျက်နှာသုတ်ပုဝါတစ်ထည်ကိုပါ ယူပေးလာ၏ ။

ထိုသို့ပြုမူရခြင်းမှာ ၎င်းက သူ့ခန္ဓာကိုယ်တွင် နှလုံးခုန်နှုန်း အပါအဝင် ချွေးထွက်များမှု မြင့်တက်လာခြင်းကို တွေ့ရှိရသဖြင့် ဤလူသားသည် လေ့ကျင့်ခန်းများ အပြင်းအထန် လုပ်ကာ လေ့ကျင့်ရေး‌ဆင်းခဲ့သည်ဟု အလိုအလျောက် သတ်မှတ်လိုက်သောကြောင့်ပင် ။ အနှီ တုံ့ပြန်မှုမှာ ဤလူသားက အခုလေးတင် ဖွင့်ပြောခံလိုက်ရ၍ဟု ၎င်း ဘယ်တော့မှ ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ ။

ကျစ်ယွီရှီသည် ရေဘူးကို လက်ခံယူလိုက်ကာ တစ်ကျိုက်တည်းနှင့် ဘူးတစ်ဝက်မော့ချလိုက်သော်လည်း စုန့်ချင်းလန်၏ စကားလုံးများက သူ့စိတ်အာရုံထဲ စွဲထင်နေဆဲ ။ သူသည် ခုနက ထိုစကားလုံးများကို ပြောနေစဉ် စုန့်ချင်းလန်၏ မျက်နှာအမူအရာကို သေချာပေါက် မမြင်ခဲ့သည့်တိုင် ယခုအချိန်တွင်တော့ သူ့စိတ်က ထိုမြင်ကွင်းကို အလိုအလျောက် ပြန်လည်ပုံဖော်နိုင်နေကာ တစ်ဖက်လူ၏ သွင်ပြင်ကို သူထင်ထင်ရှားရှား တွေးလို့ရနေသည် ။

"ငါမင်းရဲ့ခေါင်းဆောင်ဖြစ်ဖို့ မပြောနဲ့ ၊ မင်းရဲ့ သူငယ်ချင်းတောင်မဖြစ်ချင်ဘူး ။ ငါ့ကို ဘာကမှ ချုပ်တည်းထားတာမရှိဘဲ ငါမင်းကို ဂရုစိုက်ပေးချင်တယ် ၊ မင်းကို တအားအလျင်မလိုဖို့ ၊ အကုန်လုံးကို တစ်ယောက်တည်း မထမ်းထားဖို့ ပြောချင်တယ် ၊ ငါမင်းနဲ့အတူရှိချင်တယ် ၊ မင်းကို ဖက်ထားချင်တယ် ၊ မင်းနဲ့ အိပ်---"

မင်းနဲ့ အိပ် ဘာဖြစ်လဲ ?

ရေဘူးကို ဆုပ်ကိုင်ထားခဲ့သော ကျစ်ယွီရှီ၏ လက်များ တင်းကျပ်သွားရပြီး သူ့မျက်နှာမှာ တစ်ဖန်ပြန်လည် ပူနွေးလာ၏ ။ သူ 'ကွေး 'သွားခဲ့လျှင်တောင် ထိုစကားလုံးများကတော့ အင်မတန် တည့်တိုးဆန်လွန်းသည် !

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now