အပိုင်း(၅၆)ပြောင်းရွှေ့စခန်း

4.3K 905 78
                                    

『Unicode』

《ပြောင်းရွှေ့စခန်း (၁)》

ကောင်းကင်ပြာ ၊ ပင်လယ်နှင့် ကမ်းခြေ ။

အရာအားလုံးသည် ကြိုးမျှင်များသဖွယ် ပြောင်းလဲသွားကာ တဖြည်းဖြည်း ပျံ့လွင့်သွားလေ၏ ။

ကျစ်ယွီရှီ မျက်စိရှေ့ရှိ အရာအားလုံးသည် ပြန်လည် နေရာချခံနေရသည် ။ နံရံကပ်မီးများ ၊ ရှု‌မျှော်ခင်းအတုများ ၊ စမ်းချောင်းငယ်လေးတစ်ခုနှင့် ဝါးသစ်တော......သူသည် တရုတ်ရိုးရာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ခြံဝင်းထဲသို့ ရောက်လာခဲ့သည် ။

ကျစ်ယွီရှီသည် လက်ရာမြောက်လှသည့် ကျောက်တုံးတံတားပေါ်တွင် မတ်တပ်ရပ်နေ၏ ။ ရေစီးသံများမှလွဲလျှင် ခြံဝင်းသည် အလွန်ဆိတ်ငြိမ်နေခဲ့သည် ။

သူခုနက ရှိနေခဲ့သော ကမ်းခြေအရ အနှီကောက်ကျစ်စဉ်းလဲသော ထျန်းချုံစနစ်မှာ သူတို့၏ မသိစိတ်များမှ ရရှိသည့် အချက်အလက်များကို အခြေခံပြီး သီးသန့် ပြောင်းရွှေ့စခန်းများကို ဖန်တီးခဲ့ခြင်းဖြစ်လောက်ကြောင်း ကျစ်ယွီရှီ ခန့်မှန်းလိုက်သည် ။ သူတို့အရင်တစ်ခေါက်က နေခဲ့သော ကြီးကြပ်စင်တာမှာ အလွန်ရိုးရှင်းကာ သာမန်ဆန်လွန်းနေသည်မှာ ထိုအချိန်က ထျန်းချုံသည် အကုန်လုံး၏အသိစိတ်များကို စုစည်းပြီး လက်တွေ့တွင် သူတို့၏အာကာသယာဉ်ထဲမှ ဘယ်တုန်းကမျှ မထွက်ခဲ့ရချိန်၌ သူတို့အား ပုံရိပ်ယောင်မှန်းမသိစေလိုသောကြောင့်ပင် ။

ယခုတစ်ခေါက်တွင်တော့ ကွဲပြားသွား၏ ။ သူတို့သည် ပြောင်းရွှေ့စခန်းနောက်ကွယ်မှ လျှို့ဝှက်ချက်ကို သိသွားပြီးဖြစ်သဖြင့် သူတို့စိတ်အေးသက်သာစွာ အနားယူနိုင်ရန် သူတို့၏ မသိစိတ်ထဲမှ နေရာကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်လေသည် ။

ဤသီးသန့် အံဝင်ခွင်ကျဖြစ်အောင် လုပ်ထားသော စိတ်ကူးယဉ်ကမ္ဘာက တပ်ဖွဲ့၇မှ လူများ၏နှလုံးသားထဲတွင် သက်တောင့်သက်သာအရှိဆုံးနေရာများဟု ပြောနိုင်သည် ။

ခြံဝင်းထဲတွင် မည်သူမျှမရှိပေ ။

ကျစ်ယွီရှီက တံတားကိုဖြတ်သန်းကာ ကျောက်တုံးများဖြင့် စီတန်းထားသောလမ်းကို သာမန်ကာလျှံကာ ရွေးလိုက်သည် ။ များမကြာမီပင် မြက်ခင်းစိမ်းများဖြင့် ပြည့်နေသောနေရာသို့ ရောက်လာခဲ့သည် ။

မြူနှင်းငွေ့ [အဆုံးမဲ့]『မြန်မာဘာသာပြန်』〘Completed〙Where stories live. Discover now